(၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး တန်ဖိုးဖြတ်မရတဲ့ ပီတ်ဖြစ်စရာ အလှူလေးတစ်ခုကို ချပြလာတဲ့ ခိုင်နှင်းဝေ

(၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး တန်ဖိုးဖြတ်မရတဲ့ ပီတ်ဖြစ်စရာ အလှူလေးတစ်ခုကို ချပြလာတဲ့ ခိုင်နှင်းဝေ

အခုလို ခက်ခဲတဲ့ ကာလတွေမှာ လူသားအချင်းချင်းစာနာ ထောက်ထားပြီး တစ်ယောက်ကို တစ်ယောက် အားပေး ကူညီဖေးမနေတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ကအခက်အခဲနဲ့ ကြုံတွေ့နေရပေမယ့်လည်း ကိုယ့်ထက် ခက်ခဲနေသူတွေ ခဏတာပဲဖြစ်ဖြစ် အဆင်ပြေစေဖို့ မိမိတို့မှာ ရှိသလောက် အင်အားလေးနဲ့ပဲ တတ်နိုင်သလောက် ကူညီနေကြတာ ဖြစ်ပါတယ်။

တစ်နေ့လုပ်မှ တစ်နေ့ အဆင်ပြေတဲ့ အခြေခံ လူတန်းစား စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေက အခုလိုကာလမှာ အရမ်းကို ကြပ်တည်းနေကြတာ ဖြစ်ပါတယ်။

ဒီလို အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို စေတနာရှင် ပြည်သူတွေ ၊အနုပညာရှင်တွေ နဲ့ ပရဟိတ အသင်းတွေက စုပေါင်းပြီး ထောက်ပံ့ လှူဒါန်းပေးနေကြတာဖြစ်ပါတယ် ။

ခိုင်နှင်းဝေဆိုရင်လည်း နေ့စဉ်တိုင်းလိုလို လိုအပ်နေတဲ့ နေရာတွေကို ကူညီ လှူဒါန်းပေးမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။

အခုလည်း ခုနှစ်ရက် သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး ဘိုးဘွား များ အယောက် (၅၀) အတွက် ဆေးဘိုး အလှူငွေ (၁)သောင်းကျပ်နဲ့ တုတ်ကောက်များ လှူဒါန်းပေးခဲ့ပြန်ပါတယ် ။ ပီတိဖြစ်စရာ ပုံရိပ်တွေနဲ့ အတူ ” ခုနှစ်ရက် သားသမီးများနှင့် စုပေါင်း၍

ဘိုးဘွား များ အယောက် (၅၀) အတွက် ဆေးဘိုး အလှူငွေ (၁)သောင်းကျပ်နှင့် တုတ်ကောက်များ လှူဒါန်းပေးဖြစ်ပါတယ်ရှင်..

ချစ်စရာကောင်းလွန်းလှတဲ့ အဘွားတွေရဲ့ ဆုတောင်းစကားသံလေးတွေကြောင့် ပီတိကုသိုလ်လေးများ ပွားခဲ့ရပါတယ်..ကုသိုလ် အားလုံး အတွက် ထပ်တူ သာဓု ခေါ်ဆိုပေးကြပါရှင်..” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)










Yuan – Cele Zone

Photo – Khine Hnin Wai