ဆေးဘက်ဝင်အပင်များအကြောင်းသိကောင်းစရာ

ဆေးဘက်ဝင်အပင်များအကြောင်းသိကောင်းစရာ

ကျမတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆေးဘက်ဝင်တဲ့အပင်တွေ ပေါက်ရောက်နေတာ အများကြီးရှိပါတယ်။ လူတွေက ဒီအပင်တွေဟာ ဆေးဘက်ဝင်မှန်း မသိကြတဲ့အခါ အသုံးပြုရကောင်းမှန်းလည်းမသိကြပါ။ ကျမတို့ငယ်ငယ်တုန်းက ထိခိုက်ရှနာတစ်ခုဖြစ်ခဲ့ရင် အဘိုးအဘွားတို့က

ဒဏ်ရာအနေအထားကိုကြည့်ကာ နီးစပ်ရာပတ်ဝန်းကျင်က အရွက်လေးတွေကို ခူးပြီး ကျိတ်နယ်ကာလိမ်းကျံပေးပြီး သက်သာသွားတာရှိပါတယ်။ ဒါကြောင့် မိမိတို့ အိမ်အနီးဝန်းကျင်ရှိ သဘာဝအလျောက်ပေါက်ရောက်နေနတဲ့ အပင်တစ်ချို့မှာ လူတွေအတွက် ဆေးဘက်ဝင် အသုံးဝင်မှု ရှိနေတယ်ဆိုတာ လေ့လာဖော်ပြပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဟာ စိုစွတ်တဲ့မြေဆီလွှာပေါ် အခြေခံကာ နေရောင်နဲ့အားနဲ့ အဓိကကြီးထွား ပေါက်ပွားတာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့အစေးဟာ ထိခိုက်ရှနာတာတွေ၊ အပူလောင်တာတွေ၊ နှင်းခူရောဂါ၊ အရေပြားရောင်ရမ်းခြင်း တို့နဲ့ပတ်သက်ပြီး အနာကိုလျင်မြန်စွာ သက်သာပျောက်ကင်းစေသလို

ရောဂါပိုးဝင်ရောက်မှု အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ ဒါပေမယ့် ရှားစောင်းလက်ပတ်ကို အလွန်အကျွံ အသုံးပြုတာမျိုး ပြုလုပ်ရင် အစာစားချင်စိတ်နည်းလာခြင်း၊ ဝမ်းချုပ်တတ်ခြင်း၊ အစာကြေဖျက်မှုကို ထိခိုက်စေခြင်း အစရှိတဲ့ ပြဿနာရပ်တွေ ကြုံတွေ့ရတတ်ပါတယ်။

မြင်းခွာရွက်

မြင်းခွာရွက်ဟာ ကိုယ်ခန္ဓာတစ်ရှုး ဖွဲ့တည်မှု ကောင်းစေဖို့ ဆောာင်ရွက်ပေးပြီး ဖက်ခွက်နာ၊ အရေပြားထိခိုက်ရှနာ အတွက်သက်သာစေခြင်း၊ သွေးကြောမျှင်လေးတွေ အားပျော့တာတို့ နည်းပါးစေခြင်း အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေကို ဖြည့်တင်းပေးခြင်း

အစရှိတဲ့ ဆေးဘက်ဝင် အကျိုးပြုမှုများ ရှိပါတယ်။ ဒါ့အပြင် မြင်းခွာရွက်ကို အနာကြီးရောဂါအတွက် အသုံးပြုနိုင်ခြင်း၊ ဦးနှောက်နဲ့အာရုံကြောစနစ်အတွက် လုပ်ဆောင်ပေးနိုင်ခြင်း ၊အာရုံစူးစိုက်မှုအားကောင်းစေခြင်း အစရှိတဲ့ဆေးဘက်ဝင် အာနိသင်များ ကို ပေးစွမ်းပါတယ်။

မျောက်ဥ

မျောက်ဥဆိုရင်လည်း အစာအိမ်၊ သရက်ရွက်တို့အတွက် အရမ်းကောင်းမွန်ပြီး ကျောက်ကပ်နဲ့အဆုတ်တို့အတွက်ပါ များစွာဆေးဘက်ဝင်ပါတယ်။ မောပန်းနွမ်းနယ်ခြင်း ကိုယ်အလေးချိန်လျော့ကျနေခြင်း အစာစားချင်စိတ် နည်းပါးခြင်း၊ အစာကြေဖျက်နှုန်းနှေးကွေးခြင်း၊

ဝမ်းပျက်ဝမ်းလျော၊ ပန်းနာရင်ကြပ်၊ ချောင်းခြောက်ဆိုးခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးချိုရောဂါ၊ စိတ်မတည်ငြိမ်ရောဂါအစရှိတဲ့ ရောဂါရပ်တွေအတွက်လည်း မျောက်ဥဟာ များစွာဆေးဘက်ဝင်ပါတယ်။ ဒါ့အပြင် ဖက်ခွက်နာ၊ ပြည်တည်နာ၊

အနာစိမ်းတို့အတွက်လည်း မျောက်ဥကို စားသုံးပေးခြင်းဖြင့် များစွာသက်သာစေပါတယ်။ မြွေကိုက်ခံရလို့ဖြစ်စေ၊ ကင်းမြီးကောက် အကိုက်ခံရလို့ဖြစ်စေ မျောက်ဥရဲ့အရွက်ကို အသုံးပြုပြီး အဆိပ်ပြေအောင် လုပ်ဆောင်နိုင်ပါတယ်။

သော်ကပန်း

ဒီပန်းလေးဟာ ကမ္ဘာပေါ်ရှိ အရေးကြီးတဲ့ ဆေးဘက်ဝင် အပင်များတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သော်ကပန်းမှာ ကိုယ်ခန္ဓာ ခုခံအားကို မြှင့်တင်ပေးတဲ့ အစွမ်းအာနိသင် ပါဝင်ပါတယ်။ ရောဂါပိုးများ ဝင်ရောက်ကူးစက်မှုကို ကာကွယ်ပေးတဲ့ အစွမ်းရှိနေပါတယ်။ အရေပြားပေါ် ဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းတို့ကို

ကာကွယ်ပေးပါတယ်။ အခြေခံအားဖြင့် သော်ကပန်းရဲ့အမြစ်ဟာ ပွန်းပဲ့ရှနာ၊ မီးလောင်ကျွမ်းခြင်း၊ အပူလောင်ခြင်း အစရှိတဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အမေရိကန်လူမျိုးတို့ဟာ မြွေကိုက်ခံရလို့ဖြစ်စေ၊ အခြားပိုးကောင် တစ်ခုခု အကိုက်ခံရပါက ဒီသော်ကပန်းလေးရဲ့ အမြစ်ကို အသုံးပြုတတ်ကြကြောင်း ဖော်ပြထားကြပါတယ်။

Yangon Life