ဆေးနည်းတိုမှတ်စု_၄၅နည်း

ဆေးနည်းတိုမှတ်စု_၄၅နည်း

မသိသေးရင်ရှဲပြီးသိမ်းထား လိုရင်ထုတ်သုံး။ဆီးသွားများလျှင်အနေခက်ဥသျှစ်ရွက်သုတ်စားပါးစပ် နှုတ်ခမ်း တို့၌ ရေယုံပေါက်လေးညုင်းပွင့်သွေးလိမ်းဝမ်းပျက် ဝမ်းလျှော အားကုန်ခမ်းဧကရာဇ်မြစ်ကို ဆန်ဆေးရေ နဲ့ သွေးသောက် – မကျီးခေါက်သွေးသောက်မုတ္တယောင် (ဝှေးဥယောင်)ကျဆေးဝက်ကြိမ်ရွက်နဲ့ဆနွင်းစိမ်းတက် ရော ထောင်း အုံ၍ပတ်တီးစည်း ရေဆွတ်ဆွတ်ပေး။

နှနှလုံးရောဂါ ရုတ်တရက် မော ကြပ် အောင့်(1)ဂျင်းစိမ်းကိုဆားနဲ့တို့စား(လက်မလောက်)(2)မိတ်သလင်ကိုဆားနဲ့တို့စား(လက်မလောက်)ရေအေးတဝသောက်အိမ်မပျော်လျှင်ဒန်ကျွဲပင်ပြုပ်သောက် မဲဇလီရွက်ဟင်းချိုချက်သောက် လက်သုတ် သုတ်စား-နှာခေါင်းသွေးလျှံကျောက်ချဉ်အမှုန့်ထောင်းရှူကင်းကိုက် အဆိပ်အတောက် ကျောက်ချဉ်သွေးလိမ်း

(၃၉)သားအိမ်ကိုက် အကြောတက်(1)သက်ရင်းကြီးမြစ်(သို့)အခေါက် (၁၀)ဇွန်း(2)ဆင်သမနွယ်သွေးသောရည် (၂၀)ဇွန်းရောစပ်၍သောက်‌သွေးပျစ် သွေးခဲလွန်းလျှင်ရှောက်ရည် သံပုရာရည် တစ်ဝသောက် ကင်ပွန်းချဉ်ရွက်ကြမ်းကျကျကြိုသောက်၊

ကျောက်တည်ရောဂါကျောက်ကွဲပြုတ်သောက်သံမနိူင်ကျောက်မနိူင်ဆေးသောက်ကဒက်ခေါက်ကို သံပုရာရည်နဲ့သွေးသောက်ငါးဦးခေါင်း၌ရှိသော ကျောက်ကလေးများကို မြေအိုးထဲထည့်၍လှော်(မီးမကျွမ်းစေရ) နီရဲလာလျှင်သံပုရာရည်နဲ့ပက်ဖျန်း(သို့)သံပုရာရည်ထဲသို့သွန်ထည့် ကြေမွသွားသော ကျောက်မှုန့်များကို ချင့်ချိန်သောက်၊

ရင်ပြည့်အစာမကျေ လေးလံ အဝလွန် အကြောတက် အဆီကျဆေး(1)သက်ရင်းကြီးရွက်ရင့်(2)ငုရွှေ(သီးတောင့်ရှည်)ရွက်ရင့်(3)ပွေးကိုင်းရွက်ရင့်(အဖူး မထည့်ရ)(4)ရှားဖြူရွက်ရင့်(5)မကျီးရွက်ရင့်(6)ကင်ပွန်းချဉ်ရွက်ရင့်လေးတူဆတူကျိုသောက် (၆ ပါးဆေး)‌ချောင်းဆိုးလျှင်ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင် ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။ရင်ပြည့်ရင်ကယ် ကြက်ဟင်းခါး၊

သက်စောင့်ဆေးကို နှမ်းဆီ ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။နှာပိတ်သော်ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။တက်လျှငဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

-ရေငတ်ဝမ်းကျ ဆီးသီးအစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။ကင်းထိုးသော်ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။ကြို့ထိုးလျှင်ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။ခရုသင်းကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။-ခြေတုန်လက်တုန်ဖြစ်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

ခါးနာ ခါးကိုကျ‌ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။ငှက်ဖျားထလျှင် မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။ခံတွင်းပျက်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။-ခေါင်းတခြမ်းကိုက်လျှင်ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။စကားထစ်လျှင်.နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

စအိုယားနာကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။ဆီးချုပ်လျှင်ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။ဆီးတစက်စက်ကျလျှင်ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။ဆီးချုပ်လျှင် ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

ဆီးအောင့်ကျောက်တည်လျှင်ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။ဆီးချိုဖြစ်လျှင် ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။ဆီးအနှစ်ကျလျှင်သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေး

ဆီးပူလျှင်ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။ဆံပင်ပြန်ပေါက်ဆေးသံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏တင်းတိပ်နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

ဓာတ်ချုပ်လျှင် ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။နားကိုက်လျှင်ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။နားအူ နားလေထွက်လျှင်သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

နားပြည်ယိုလျှင်ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ။နားအတွင်းပိုးကောင်ဝင်လျှင်ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။နို့ကြောင်းပိတ်လျှင်ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

နို့လှိုင်လှိုင်ထွက်ဆေးစမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။

ခေါင်းသွေးလျှံလျှင်ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။-နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင် ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်။အနာနဲ့ဆေးတွေ့ကြပါစေ မေတ္တာများစွာဖြင့်ရှယ်ယူထားလို့ ပိုနေတယ်မရှိပါ။

Crd-Original Post