အဆောင်လက်ဖွဲ့က အစွမ်းပြမယ်ဆိုပြီး ဗျောက်အိုးကို ပါးစပ်ထဲငုံပြီးဖောက်ပြသူ ပါးစပ်ပွင့်ပြီး ဆေးရုံရောက်

အဆောင်လက်ဖွဲ့က အစွမ်းပြမယ်ဆိုပြီး ဗျောက်အိုးကို ပါးစပ်ထဲငုံပြီးဖောက်ပြသူ ပါးစပ်ပွင့်ပြီး ဆေးရုံရောက်

ဒီဖြစ်စဉ်ကတော့ မနေ့ညနေက ထိုင်းမှာဖြစ်သွားတာပါ ။ ထိုင်းနိုင်ငံအရှေ့ဘက် ဘွန့်ကန်းခရိုင် ဘွန့်ခိုလုံမြို့ ဒုန်ဘန်း ရပ်ကွက် အိမ်အမှတ် ၁၄၈ မှာနေထိုင်တဲ့အသက် ၃၄ နှစ်အရွယ်စစ်သားလူထွက် နိုင်ကိုဝစ် တစ်ယောက်ဟာ အပေါင်းအဖော်တွေနဲ့အရက်သောက်နေတုန်း ထိုင်းတောင်ပိုင်းမှာသူတာဝန်ကျခဲ့စဉ်က မကြာခဏ ဆိုသလို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရဖူးတဲ့အတွေ့အကြုံတွေကို ဖောက်သည်ချပြောပြခဲ့တယ် ။

သူ့မှာအင်မတန်စွမ်းတဲ့အဆောင်လည်ပင်းမှာဆွဲထားတဲ့အတွက်ကြောင့် ပေါက်ကွဲမှုနဲ့ကြုံတွေ့တိုင်း အသက်ဘေးကသီသီလေးလွတ်ခဲ့တယ်လို့ဆိုပါတယ် ။ ယခုတော့စစ်တပ်ကထွက်လာတာ ၁ နှစ်ကျော်ကျော်ဘဲရှိပါသေးသည် ။

ဝါကျွတ်ချိန်ဆိုတော့ ကလေးတွေကလည်းဗျောက်အိုးလေးတွေပစ်ပေါက်ကစားနေတာကိုမြင်းပြီး ဇီးသီးလုံးအရွယ်ဗျောက်အိုးကိုယူကာ သူ့လည်ပင်းကအဆောင်ဘုရား ၊ အင်းဂါထာ မည်မျှစွမ်းကြောင်းလက်တွေ့ပြလိုတာကြောင့် စနက်တံကိုမီးရှို့ပြီးငုံပြလိုက်တယ်

တစ်ကယ်လည်းမပေါက်တဲ့အတွက် နောက်တစ်လုံးကိုယူပြီး ပါးစပ်ထဲထပ်ထည့်ကာ စနက်တံကိုမီးရှို့လိုက်ပြန်တယ် ၊ အချိန် ၅ စက္ကန့်အတွင်းမှာဘဲ သူ့ပါးစပ်ထဲကဗျောက်အိုးထကွဲပါတော့တယ် ၊ ပါးစပ်ကြီးအလိုလိုဖွာထွက်လာပြီး သွေးတွေရွှဲနစ်ကုန်ပါတယ် ။

နောက်တစ်လုံးကိုမစမ်းဘို့ဘေးလူတွေကဝိုင်းတားကြပေမယ့် ပြောစကားနားမထောင်ပါဘူး ၊ မူးကလည်းမူးနေတာကိုး ၊ ပထမတစ်လုံးမပေါက်တာကြောင့် သူ့လည်ပင်းကအဆောင်ကိုယုံကြည်မှုလွန်ကဲပြီး ထပ်ဖေါက်ပြတာကြောင့် ကံသည်နှစ် ခါမကောင်းနိုင်ဘဲ ကံဆိုးစွာနဲ့ ဘဲ ဘဝတစ်လျှောက်လုံးရုပ်ပျက်ဆင်းပျက်နဲ့သွားရပေတော့မည် ။

အဆောင်အယောင်တွေလည်ပင်းဆွဲထားပြီး ဝါကျွတ်ကာလအရက်သေစာသောက်စားပြီး မူးမူးနဲ့မစမ်းသင့်တာကိုစမ်းလိုက်လို့ နောင်တများ ရလေမလားတော့ မသိပါဘူး ။တစ်ခါတစ်လေမှာ စွမ်းတဲ့အဆောင်ရှိတဲ့သူတွေဟာ သီလသမာဓိမရှိရင်အလကားပါဘဲ ။ အကျယ်ချဲ့မရေးလိုတော့ပါဘူး ။

ဒါ့ကြောင့် ဘာပီးတယ် ၊ ညာပီးတယ် ၊ စွမ်းပါတယ် ဆိုတဲ့အရာတွေကို လိုက်ပြီး ယုံကြည်မှုလွန်ကဲကာ လက်တည့်မစမ်းကြပါနဲ့လို့ ဗဟုသုတအဖြစ်ရေးသားလိုက်ပါသည် ။

Crd-Original Post

(ZAWGYI)

အေဆာင္လက္ဖြဲ႕က အစြမ္းျပမယ္ဆိုၿပီး ေဗ်ာက္အိုးကို ပါးစပ္ထဲငုံၿပီးေဖာက္ျပသူ ပါးစပ္ပြင့္ၿပီး ေဆး႐ုံေရာက္

ဒီျဖစ္စဥ္ကေတာ့ မေန႔ညေနက ထိုင္းမွာျဖစ္သြားတာပါ ။ ထိုင္းႏိုင္ငံအေရွ႕ဘက္ ဘြန႔္ကန္းခ႐ိုင္ ဘြန႔္ခိုလုံၿမိဳ႕ ဒုန္ဘန္း ရပ္ကြက္ အိမ္အမွတ္ ၁၄၈ မွာေနထိုင္တဲ့အသက္ ၃၄ ႏွစ္အ႐ြယ္စစ္သားလူထြက္ ႏိုင္ကိုဝစ္ တစ္ေယာက္ဟာ အေပါင္းအေဖာ္ေတြနဲ႔အရက္ေသာက္ေနတုန္း ထိုင္းေတာင္ပိုင္းမွာသူတာဝန္က်ခဲ့စဥ္က မၾကာခဏ ဆိုသလို မိုင္းေထာင္ေဖာက္ခြဲတိုက္ခိုက္ခံခဲ့ရဖူးတဲ့အေတြ႕အႀကဳံေတြကို ေဖာက္သည္ခ်ေျပာျပခဲ့တယ္ ။

သူ႔မွာအင္မတန္စြမ္းတဲ့အေဆာင္လည္ပင္းမွာဆြဲထားတဲ့အတြက္ေၾကာင့္ ေပါက္ကြဲမႈနဲ႔ႀကဳံေတြ႕တိုင္း အသက္ေဘးကသီသီေလးလြတ္ခဲ့တယ္လို႔ဆိုပါတယ္ ။ ယခုေတာ့စစ္တပ္ကထြက္လာတာ ၁ ႏွစ္ေက်ာ္ေက်ာ္ဘဲရွိပါေသးသည္ ။

ဝါကြၽတ္ခ်ိန္ဆိုေတာ့ ကေလးေတြကလည္းေဗ်ာက္အိုးေလးေတြပစ္ေပါက္ကစားေနတာကိုျမင္းၿပီး ဇီးသီးလုံးအ႐ြယ္ေဗ်ာက္အိုးကိုယူကာ သူ႔လည္ပင္းကအေဆာင္ဘုရား ၊ အင္းဂါထာ မည္မွ်စြမ္းေၾကာင္းလက္ေတြ႕ျပလိုတာေၾကာင့္ စနက္တံကိုမီးရႈိ႕ၿပီးငုံျပလိုက္တယ္

တစ္ကယ္လည္းမေပါက္တဲ့အတြက္ ေနာက္တစ္လုံးကိုယူၿပီး ပါးစပ္ထဲထပ္ထည့္ကာ စနက္တံကိုမီးရႈိ႕လိုက္ျပန္တယ္ ၊ အခ်ိန္ ၅ စကၠန႔္အတြင္းမွာဘဲ သူ႔ပါးစပ္ထဲကေဗ်ာက္အိုးထကြဲပါေတာ့တယ္ ၊ ပါးစပ္ႀကီးအလိုလိုဖြာထြက္လာၿပီး ေသြးေတြ႐ႊဲနစ္ကုန္ပါတယ္ ။

ေနာက္တစ္လုံးကိုမစမ္းဘို႔ေဘးလူေတြကဝိုင္းတားၾကေပမယ့္ ေျပာစကားနားမေထာင္ပါဘူး ၊ မူးကလည္းမူးေနတာကိုး ၊ ပထမတစ္လုံးမေပါက္တာေၾကာင့္ သူ႔လည္ပင္းကအေဆာင္ကိုယုံၾကည္မႈလြန္ကဲၿပီး ထပ္ေဖါက္ျပတာေၾကာင့္ ကံသည္ႏွစ္ ခါမေကာင္းႏိုင္ဘဲ ကံဆိုးစြာနဲ႔ ဘဲ ဘဝတစ္ေလွ်ာက္လုံး႐ုပ္ပ်က္ဆင္းပ်က္နဲ႔သြားရေပေတာ့မည္ ။

အေဆာင္အေယာင္ေတြလည္ပင္းဆြဲထားၿပီး ဝါကြၽတ္ကာလအရက္ေသစာေသာက္စားၿပီး မူးမူးနဲ႔မစမ္းသင့္တာကိုစမ္းလိုက္လို႔ ေနာင္တမ်ား ရေလမလားေတာ့ မသိပါဘူး ။တစ္ခါတစ္ေလမွာ စြမ္းတဲ့အေဆာင္ရွိတဲ့သူေတြဟာ သီလသမာဓိမရွိရင္အလကားပါဘဲ ။ အက်ယ္ခ်ဲ႕မေရးလိုေတာ့ပါဘူး ။

ဒါ့ေၾကာင့္ ဘာပီးတယ္ ၊ ညာပီးတယ္ ၊ စြမ္းပါတယ္ ဆိုတဲ့အရာေတြကို လိုက္ၿပီး ယုံၾကည္မႈလြန္ကဲကာ လက္တည့္မစမ္းၾကပါနဲ႔လို႔ ဗဟုသုတအျဖစ္ေရးသားလိုက္ပါသည္ ။

Crd-Original Post