မြန်မာ့အရေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့အချက်တွေNUGနဲ့ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ပြော

ဒေသတွင်းအခရာကျတဲ့နိုင်ငံတွေနဲ့သံခင်းတမန်ခင်းအရေးကို NUG နဲ့ဆွေးနွေးခဲ့တယ်လို့ အမေရိကန်လုံခြုံရေးအကြံပေးပြော

ဒေသတွင်းမှာ အခရာကျတဲ့နိုင်ငံတွေအပြင် စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးရာဆက်ဆံရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ဆွေးနွေးထားတယ်ဆိုပြီး

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောလာပါတယ်။

NUG ရဲ့ယာယီသမ္မတဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့တာကို မစ္စတာဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလာတာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ခက်ခဲတဲ့အခြေအနေတွေအရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးတက်ခွင့်ငြင်းတာဟာ

အာဆီယံရဲ့ခြေလှမ်းတစ်ရပ်လို့လည်း သူက ပြောပါတယ်။အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့တိုးလုပ်ဆောင်နိုင်မယ်ဆိုတဲ့ကိစ္စအပေါ်

သမ္မတ ဘိုင်ဒန်ဟာ အာဆီယံနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ဆောင်ရွက်တဲ့အခွင့်အလမ်းရရှိစေခဲ့တယ်လို့လည်း အကြံပေးက ပြောပါတယ်။

Crd-Original Post

(ZAWGYI)

ေဒသတြင္းမွာ အခရာက်တဲ့ႏိုင္ငံေတြအျပင္ စစ္ေကာင္စီအေပၚ လႊမ္းမိုးမႈရွိတဲ့ႏိုင္ငံေတြနဲ႔ သံတမန္ေရးရာဆက္ဆံေရးေတြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ရဲ႕ အဆင့္ျမင့္အရာရွိေတြနဲ႔ေဆြးေႏြးထားတယ္ဆိုၿပီး

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕အမ်ိဳးသား လုံၿခဳံေရးအႀကံေပး ဂ်ိတ္ဆူလီဗန္က ေျပာလာပါတယ္။

NUG ရဲ႕ယာယီသမၼတဒူးဝါးလရွီလ၊ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔နဲ႔ ေအာက္တိုဘာလ ၂၅ ရက္ေန႔က ေတြ႕ဆုံခဲ့တာကို မစၥတာဂ်ိတ္ဆူလီဗန္က သတင္းစာရွင္းလင္းပြဲမွာ ေျပာလာတာျဖစ္ပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေပးေရးနဲ႔ ျမန္မာျပည္သူေတြႀကဳံေတြ႕ေနရတဲ့ခက္ခဲတဲ့အေျခအေနေတြအေရးကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သူကေျပာပါတယ္။

လက္ရွိမွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကိုယ္တိုင္ အေမရိကန္-အာဆီယံထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၿပီး ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို အစည္းအေဝးတက္ခြင့္ျငင္းတာဟာ

အာဆီယံရဲ႕ေျခလွမ္းတစ္ရပ္လို႔လည္း သူက ေျပာပါတယ္။အဲဒီအစည္းအေဝးမွာ ျမန္မာ့အေရးအတြက္ အာဆီယံေခါင္းေဆာင္ေတြၾကားရရွိထားတဲ့ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ဘယ္လိုေရွ႕တိုးလုပ္ေဆာင္ႏိုင္မယ္ဆိုတဲ့ကိစၥအေပၚ

သမၼတ ဘိုင္ဒန္ဟာ အာဆီယံနဲ႔ ညႇိညႇိႏႈိင္းႏႈိင္းတိုင္ပင္ေဆာင္႐ြက္တဲ့အခြင့္အလမ္းရရွိေစခဲ့တယ္လို႔လည္း အႀကံေပးက ေျပာပါတယ္။

Crd-Original Post