မန္တလေးတွင် ကမ္ဘောဇဘဏ် ပေါက်ကွဲမှုများဖြစ်ပွါး

မန္တလေးတွင် ကမ္ဘောဇဘဏ်နှင့် ATM နေရာ အနည်းဆုံး ၈ ခုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွါး

မန္တလေးမြို့တွင် ကမ္ဘောဇဘဏ်နှင့်ဆက်စပ်နေရာ အနည်းဆုံး ရှစ်နေရာတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ကမ္ဘောဇဘဏ်ရှေ့က ATM စက်တွေနားမှာပေါက်ကွဲမှုတွေဖြစ်နေတာပါ၊ အခုအထိသိရသလောက်တော့ရှစ်နေရာလောက်ရှိနေပြီ၊ ညနေပိုင်းဆိုတော့ အထိအခိုက်မသိနိုင်ဘူး” ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ယခုသတင်းပေးပို့ချိန်အထိရရှိသော သတင်းများအရ ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ဆက်တိုက်ပေါက်ကွဲမှုများဖြစ်ခဲ့ခြင်းဖြစ်သည်။ချမ်းမြသာစည်မြို့နယ်တွင် မနော်ဟရီလမ်းနှင့် ၆၂ လမ်းထောင့် Fuji Shopping Mall အနီးက ကမ္ဘောဇဘဏ်

ATM၊ ၅၇ လမ်းနှင့် မနော်ဟရီလမ်းအနီးရှိ ကမ္ဘောဇဘဏ်ရှေ့မီးစက်၊ ၆၆ လမ်းနှင့် သိပ္ပံလမ်းထောင့် ကမ္ဘောဇဘဏ်၊ ၅၆ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ကမ္ဘောဇဘဏ် Call Center ရှေ့၊ ၆၁ လမ်းနှင့်သိပ္ပံလမ်းအနီး

ကမ္ဘောဇဘဏ်ရှေ့ဘဏ်ပိုင်ယာဉ်တစ်စီး၊ မဟာအောင်မြေမြို့နယ်တွင် ၃၈ လမ်းနှင့် ၈၄ လမ်းထောင့်ရှိကမ္ဘောဇဘဏ် ATM စက်နှစ်လုံးနှင့် ၇၃ လမ်း ဗောဓိကုန်းကမ္ဘောဇဘဏ် ATM စက်တို့ဖြစ်သည်။

Crd-Original Post

(ZAWGYI)

မႏၲေလးတြင္ ကေမာၻဇဘဏ္ႏွင့္ ATM ေနရာ အနည္းဆုံး ၈ ခုတြင္ ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြါး

မႏၲေလးၿမိဳ႕တြင္ ကေမာၻဇဘဏ္ႏွင့္ဆက္စပ္ေနရာ အနည္းဆုံး ရွစ္ေနရာတြင္ ဗုံးေပါက္ကြဲမႈမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

“ကေမာၻဇဘဏ္ေရွ႕က ATM စက္ေတြနားမွာေပါက္ကြဲမႈေတြျဖစ္ေနတာပါ၊ အခုအထိသိရသေလာက္ေတာ့ရွစ္ေနရာေလာက္ရွိေနၿပီ၊ ညေနပိုင္းဆိုေတာ့ အထိအခိုက္မသိႏိုင္ဘူး” ဟု ၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးကေျပာသည္။

ယခုသတင္းေပးပို႔ခ်ိန္အထိရရွိေသာ သတင္းမ်ားအရ ညေန ၆ နာရီခြဲအခ်ိန္ခန႔္တြင္ ဆက္တိုက္ေပါက္ကြဲမႈမ်ားျဖစ္ခဲ့ျခင္းျဖစ္သည္။ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မေနာ္ဟရီလမ္းႏွင့္ ၆၂ လမ္းေထာင့္ Fuji Shopping Mall အနီးက ကေမာၻဇဘဏ္

ATM၊ ၅၇ လမ္းႏွင့္ မေနာ္ဟရီလမ္းအနီးရွိ ကေမာၻဇဘဏ္ေရွ႕မီးစက္၊ ၆၆ လမ္းႏွင့္ သိပၸံလမ္းေထာင့္ ကေမာၻဇဘဏ္၊ ၅၆ လမ္းႏွင့္ သိပၸံလမ္းေထာင့္ရွိ ကေမာၻဇဘဏ္ Call Center ေရွ႕၊ ၆၁ လမ္းႏွင့္သိပၸံလမ္းအနီး

ကေမာၻဇဘဏ္ေရွ႕ဘဏ္ပိုင္ယာဥ္တစ္စီး၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ၃၈ လမ္းႏွင့္ ၈၄ လမ္းေထာင့္ရွိကေမာၻဇဘဏ္ ATM စက္ႏွစ္လုံးႏွင့္ ၇၃ လမ္း ေဗာဓိကုန္းကေမာၻဇဘဏ္ ATM စက္တို႔ျဖစ္သည္။

Crd-Original Post