မြန်မာ့အရေးကိုအားစိုက်ပြီးကူညီပေးခဲ့သည့် ကိုရီးယားအစိုးရကိုကျေးဇူတင်ကြောင်း NUG ပြော

မြန်မာအရေးမှာ ကူညီပေးခဲ့လို့ ကိုရီးယားအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ NUG သမ္မတကြီးပြော

မြန်မာ့အရေးမှာ ပါဝင်ကူညီပေးခဲ့တယ် ကိုရီးယားပြည်သူတွေနဲ့ ကိုရီးယားအစိုးရကို အထူးကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလ က တောင်ကိုးရီးယား နိုင်ငံ SBS မီဒီယာ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုးရီးယားအစိုးရအနေနဲ့ အာရှမှာ ပထမဆုံးနိုင်ငံအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကာ လက်တွဲဆောင်ရွက်ပေးဖို့အတွက်ကိုလည်း သမ္မတကြီးက တောင်းဆိုခဲ့ပါသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ရာဇာဝတ်မှုပေါင်း (၉၀၂) ခုကို ကျူးလွန်ထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာကနေ ဆက်လက်တွန်းအားပေးကြဖို့နဲ့ စစ်ကောင်စီကြောင့် ဒုက္ခဆင်းရဲကို ကြုံတွေ့နေရသည့် ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ကြဖို့ သမ္မတကြီးက တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။

ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ သတ်မှတ်ထားတဲ့ ODA ထောက်ပံ့ငွေ ဝမ် 1.63 ဘီလီယမ်ကို အမြန်ဆုံးလှူဒါန်းပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေရဲ့ကြားနာပွဲမှာ တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်၊ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းပြီးနောက် အောက်တိုဘာလ (၂၃) ရက်နေ့အထိ အပြစ်မဲ့ပြည်သူပေါင်း (၁၁၉၆) ဦး အသက်ဆုံးရှုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူ (၉၁၇၅) ဦး ရှိနေပြီဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

ျမန္မာအေရးမွာ ကူညီေပးခဲ့လို႔ ကိုရီးယားအစိုးရနဲ႔ ျပည္သူေတြကို ေက်းဇူးတင္တယ္လို႔ NUG သမၼတႀကီးေျပာ

ျမန္မာ့အေရးမွာ ပါဝင္ကူညီေပးခဲ့တယ္ ကိုရီးယားျပည္သူေတြနဲ႔ ကိုရီးယားအစိုးရကို အထူးေက်းဇူးတင္တယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ သမၼတ ဒူဝါလရွီးလ က ေတာင္ကိုးရီးယား ႏိုင္ငံ SBS မီဒီယာ အင္တာဗ်ဴးမွာ အခုလို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ကိုးရီးယားအစိုးရအေနနဲ႔ အာရွမွာ ပထမဆုံးႏိုင္ငံအျဖစ္ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳကာ လက္တြဲေဆာင္႐ြက္ေပးဖို႔အတြက္ကိုလည္း သမၼတႀကီးက ေတာင္းဆိုခဲ့ပါေသးတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ရာဇာဝတ္မႈေပါင္း (၉၀၂) ခုကို က်ဴးလြန္ထားၿပီျဖစ္တဲ့အတြက္ စစ္ေကာင္စီကို ႏိုင္ငံတကာကေန ဆက္လက္တြန္းအားေပးၾကဖို႔နဲ႔ စစ္ေကာင္စီေၾကာင့္ ဒုကၡဆင္းရဲကို ႀကဳံေတြ႕ေနရသည့္ ျပည္သူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြ ေပးအပ္ၾကဖို႔ သမၼတႀကီးက တိုက္တြန္းေျပာၾကားခဲ့ပါေသးတယ္။

ကိုရီးယားလႊတ္ေတာ္အမတ္ အီယုန္ဆြန္းက ကိုရီးယားအစိုးရအေနနဲ႔ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးဖို႔ သတ္မွတ္ထားတဲ့ ODA ေထာက္ပံ့ေငြ ဝမ္ 1.63 ဘီလီယမ္ကို အျမန္ဆုံးလႉဒါန္းေပးဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ အစိုးရတာဝန္ရွိသူေတြနဲ႔ လႊတ္ေတာ္အမတ္ေတြရဲ႕ၾကားနာပြဲမွာ တိုက္တြန္းေျပာဆိုခဲ့ပါေသးတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္၊ စစ္ေခါင္းေဆာင္ေတြ အာဏာသိမ္းၿပီးေနာက္ ေအာက္တိုဘာလ (၂၃) ရက္ေန႔အထိ အျပစ္မဲ့ျပည္သူေပါင္း (၁၁၉၆) ဦး အသက္ဆုံးရႈံးခဲ့ရၿပီး မတရားဖမ္းဆီးခံရသူ (၉၁၇၅) ဦး ရွိေနၿပီျဖစ္ပါတယ္။

Crd-Original Post