မိမိတို့အား အာဆီယံက နှိမ်လွန်းတယ်လို့ ရင်ဖွင့်ပြောပြလာတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း

မိမိတို့အား အာဆီယံက နှိမ်လွန်းတယ်လို့ ရင်ဖွင့်ပြောပြလာတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ဖို့

လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကဖိတ်ကြားလာတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီသလို အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အစဉ်အလာကနေလည်း သွေဖည်နေတယ်လို့

စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

အာဆီယံအစည်းအဝေးတွေ အားလုံးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့ အာဆီယံပဋိညာဉ်စာတမ်းမှာ ပြဌာန်းထားပြီး မြန်မာကိုယ်စားလှယ်ရဲ့ အဆင့်အတန်းကို နှိမ့်ပြီးဖိတ်ကြားတာ၊ အစည်းအဝေးတွေမှာ

ဆွေးနွေးရာမှာ ကန့်သတ်မှုတွေ ထားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နဲ့လည်း

ကိုက်ညီမှုမရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။အာဆီယံ ထိပ်သီး အစည်းအဝေးကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်

တက်ရမှသာ မြန်မာနိုင်ငံက လက်ခံမယ် ဆိုတာကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။အာဆီယံအစည်းအဝေးများနှင့်

ပတ်သက်ပြီး တန်းတူရည်တူမထားသည့် အစည်းအဝေးကို သွားရောက် တက်ရောက်ပါက ပိုပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားရာကျသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကိုယ့်ကို တန်းတူရည်တူအဖြစ် မထားတဲ့ နိုင်ငံအချို့ပေါ့နော်။ အာဆီယံနိုင်ငံအားလုံးလည်း မဟုတ်ပါဘူး။နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့်၊ နိုင်ငံအချို့ရဲ့

ပဋိဉာဏ်ချိုးဖောက်မှုကြောင့် တန်းတူရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက်တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားရာကျတယ်။ ကိုယ့်နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ မိမိရဲ့၊ နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ

ကိုယ့်အနေနဲ့လည်း ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။ ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး” ဟု ယင်းက ဆိုသည်။အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ

၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့အစည်းက မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။“ကျွန်တော်တို့ ဟိုကနေပြီးတော့

ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကို ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ အကြောင်းလည်း မပြန်ရသေးပါဘူး။အခုနပြောသလို

တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။

ကျွန်တော်တို့အနေနဲ့က ရှင်းရှင်းလေး ကျွန်တော်တို့ရပ်တည်ချက်က နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဖိတ်ခေါ်တာသည် သူတို့အနေနဲ့ရော ပဋိဉာဏ်ပါရော၊

စည်းမျဉ်းစည်းကမ်းပါ အရရော ဘယ်သူ့ကိုတက်ပါလို့ ဖိတ်ခေါ်ခွင့်မရှိပါဘူး။အဓိကတော့ နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့ သူ၊ နိုင်ငံခေါင်းဆောင် ဖြစ်ရမှာပဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာ ဖြစ်တယ်” ဟု

ယင်းက ဆက်လက်ပြောကြားခဲ့သည်။အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့မှ နိုင်ငံ့ခေါင်းဆောင်သာ တက်ရောက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ

နိုင်ငံတော်တာဝန်များကို ရယူထားကြောင်း၊ ယင်းသို့ ရယူမှုနှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံအချို့က အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။

Crd-Original Post

(ZAWGYI)

မိမိတို႔အား အာဆီယံက ႏွိမ္လြန္းတယ္လို႔ ရင္ဖြင့္ေျပာျပလာတဲ့ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

ေအာက္တိုဘာလ ၂၆ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ က်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝးကို ႏိုင္ငံေရးအရ ကိုယ္စားမျပဳတဲ့ ကိုယ္စားလွယ္ (ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္) တက္ေရာက္ဖို႔

လက္ရွိ အာဆီယံဥကၠ႒ျဖစ္သူ ဘ႐ူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနကဖိတ္ၾကားလာတာဟာ အာဆီယံ ပဋိညာဥ္စာတမ္းနဲ႔ မကိုက္ညီသလို အာဆီယံရဲ႕ လုပ္ထုံးလုပ္နည္းနဲ႔ အစဥ္အလာကေနလည္း ေသြဖည္ေနတယ္လို႔

စစ္ေကာင္စီလက္ေအာက္ ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ ကန႔္ကြက္လိုက္ပါတယ္။

အာဆီယံအစည္းအေဝးေတြ အားလုံးကို အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြ အဆင့္တူ၊ တန္းတူ တက္ေရာက္ဖို႔ အာဆီယံပဋိညာဥ္စာတမ္းမွာ ျပဌာန္းထားၿပီး ျမန္မာကိုယ္စားလွယ္ရဲ႕ အဆင့္အတန္းကို ႏွိမ့္ၿပီးဖိတ္ၾကားတာ၊ အစည္းအေဝးေတြမွာ

ေဆြးေႏြးရာမွာ ကန႔္သတ္မႈေတြ ထားတာဟာ အာဆီယံပဋိညာဥ္စာတမ္း အပိုဒ္-၅ နဲ႔လည္း

ကိုက္ညီမႈမရွိတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။အာဆီယံ ထိပ္သီး အစည္းအေဝးကို ႏိုင္ငံအႀကီးအကဲ ဒါမွမဟုတ္ အစိုးရအဖြဲ႕အႀကီးအကဲ ဒါမွမဟုတ္ ႏိုင္ငံအႀကီးအကဲကို ကိုယ္စားျပဳမယ့္ ျပည္ေထာင္စုဝန္ႀကီးအဆင့္ပုဂၢိဳလ္

တက္ရမွသာ ျမန္မာႏိုင္ငံက လက္ခံမယ္ ဆိုတာကို အာဆီယံ အလွည့္က် ဥကၠ႒ ဘ႐ူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနထံ အေၾကာင္းျပန္ထားၿပီးျဖစ္တယ္လို႔ အဲဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။အာဆီယံအစည္းအေဝးမ်ားႏွင့္

ပတ္သက္ၿပီး တန္းတူရည္တူမထားသည့္ အစည္းအေဝးကို သြားေရာက္ တက္ေရာက္ပါက ပိုၿပီး ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာကို ေစာ္ကားရာက်သည္ဟု ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမွ ေျပာေရးဆိုခြင့္ရွိသူ

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဒါနဲ႔ပတ္သက္ၿပီးေတာ့ သူတို႔အေနနဲ႔ ကိုယ့္ကို တန္းတူရည္တူအျဖစ္ မထားတဲ့ ႏိုင္ငံအခ်ိဳ႕ေပါ့ေနာ္။ အာဆီယံႏိုင္ငံအားလုံးလည္း မဟုတ္ပါဘူး။ႏိုင္ငံအခ်ိဳ႕ရဲ႕ ကန႔္သတ္မႈေၾကာင့္၊ ႏိုင္ငံအခ်ိဳ႕ရဲ႕

ပဋိဉာဏ္ခ်ိဳးေဖာက္မႈေၾကာင့္ တန္းတူရည္တူမထားတဲ့ အစည္းအေဝးကို သြားေရာက္တက္ေရာက္တာက ပိုၿပီးေတာ့ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ေစာ္ကားရာက်တယ္။ ကိုယ့္ႏိုင္ငံရဲ႕ တည္ရွိမႈအေပၚမွာ မိမိရဲ႕၊ ႏိုင္ငံရဲ႕ တည္ရွိမႈအေပၚမွာ

ကိုယ့္အေနနဲ႔လည္း ခ်ိဳးေဖာက္ရာ ေရာက္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔လည္း တက္ဖို႔၊ မတက္ဖို႔ မေသခ်ာပါဘူး။ ဘာမွတ္ခ်က္မွ ေပးစရာမရွိပါဘူး” ဟု ယင္းက ဆိုသည္။အာဆီယံႏိုင္ငံမ်ား ထိပ္သီးအစည္းအေဝးကို ေအာက္တိုဘာလ

၂၆ ရက္ေန႔တြင္ က်င္းပမည္ျဖစ္ၿပီး အာဆီယံအဖြဲ႕အစည္းက ျမန္မာႏိုင္ငံကိုယ္စားျပဳ တက္ေရာက္ရန္အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ဦးကို ဖိတ္ၾကားထားေၾကာင္း သိရသည္။“ကြၽန္ေတာ္တို႔ ဟိုကေနၿပီးေတာ့

ဖိတ္ၾကားတာကေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉးခ်ဳပ္တစ္ေယာက္ကို ဖိတ္ၾကားထားပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။ အေၾကာင္းလည္း မျပန္ရေသးပါဘူး။အခုနေျပာသလို

တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာေသးပါဘူး။

ကြၽန္ေတာ္တို႔အေနနဲ႔က ရွင္းရွင္းေလး ကြၽန္ေတာ္တို႔ရပ္တည္ခ်က္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။ ဖိတ္ေခၚတာသည္ သူတို႔အေနနဲ႔ေရာ ပဋိဉာဏ္ပါေရာ၊

စည္းမ်ဥ္းစည္းကမ္းပါ အရေရာ ဘယ္သူ႔ကိုတက္ပါလို႔ ဖိတ္ေခၚခြင့္မရွိပါဘူး။အဓိကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္လုပ္တဲ့ သူ၊ ႏိုင္ငံေခါင္းေဆာင္ ျဖစ္ရမွာပဲ ျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ တူညီဆႏၵမရွိဘဲနဲ႔ ေဆာင္႐ြက္လာတာ ျဖစ္တယ္” ဟု

ယင္းက ဆက္လက္ေျပာၾကားခဲ့သည္။အာဆီယံထိပ္သီးအစည္းအေဝးတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ အစိုးရအဖြဲ႕မွ ႏိုင္ငံ့ေခါင္းေဆာင္သာ တက္ေရာက္မည္ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ျမန္မာႏိုင္ငံကို ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ

ႏိုင္ငံေတာ္တာဝန္မ်ားကို ရယူထားေၾကာင္း၊ ယင္းသို႔ ရယူမႈႏွင့္ ပတ္သက္ၿပီး အာဆီယံႏိုင္ငံအခ်ိဳ႕က အျငင္းပြားေနျခင္းျဖစ္ေၾကာင္း သိရသည္။

Crd-Original Post