ချစ်ရတဲ့မိသားစုနဲ့အတူ မွန်မြတ်တဲ့အလှူအတန်းတွေပြုလုပ်နေတဲ့ ပုံလေးတွေကိုအမှတ်တရတင်ပေးလိုက်တဲ့ ဖြူဖြူထွေး

ချစ်ရတဲ့မိသားစုနဲ့အတူ မွန်မြတ်တဲ့အလှူအတန်းတွေပြုလုပ်နေတဲ့ ပုံလေးတွေကိုအမှတ်တရတင်ပေးလိုက်တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူပါ။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ သူမကတော့ တဖြည်းဖြည်းပိုမိုအောင်မြင်နေတာပါ ။

ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ အလှပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက် စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။

အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သူမကတော့ ရယ်မောစရာကောင်းတဲ့ Tiktokလေးတွေနဲ့လည်း ပရိသတ်တွေကို ဘဝအမော ပြေစေခဲ့တာပါ။

ဒါ့အပြင် အလှူအတန်းဆိုရင်လည်း အရမ်း ရက်ရောသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

အခုလည်း ချစ်ရတဲ့ မေမေနဲ့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းက ကျောင်းတစ်ကျောင်းမှာ တစ်နေ့တာ ဆွမ်း ဆက်ကပ်ရင်း ကောင်းမှုကုသိုလ် များစွာ ပြုလုပ်ခဲ့ပုံကိုဝေမျှလာပါတယ် ။

အလှူပုံတွေ ကြည့်ပြီး ပီတိဖြစ်မိတာကြောင့် ပြန် လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Phyu Phyu Htwe

(ZAWGYI)








Credit – Cele Zone

Photo – Phyu Phyu Htwe