MRTV ထုတ်လွှင့်တဲ့အစီအစဉ်တစ်ခုမှာပါဝင်ခဲ့တာကြောင့် ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ခံနေရတာကြောင့် ဖြေရှင်းချက်ထုတ်ပြန်လိုက်တဲ့ တေးရေးမြင့်မိုးအောင်

အနုပညာလောကမှာ တေးသီချင်းကောင်းတွေ များစွာထွက်ရှိထားတာကြောင့် အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ တေးရေးဆရာမြင့်မိုးအောင်ကတော့ လက်ရှိမှာဝေဖန်မှုတွေ ခံနေရပါတယ်..။ဆရာမြင့်မိုးအောင်ဟာ MRTV က ထုတ်လွှင့်ပြသတဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့တာကြောင့် ပြည်သူတွေက စိတ်ဆိုးဒေါသထွက်နေပြီး အပြင်းအထန်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်..။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ဝေဖန်မှုတွေခံနေရ တာကြောင့် ဆရာမြင့်မိုးအောင်က သူ့ရဲ့ Facebook စာမျက်နှာကနေ ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်..။ဂီတအစည်းအရုံးနဲ့ ဂီတအသင်းအဖွဲ့တွေကို ဖိတ်လို့ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း တာဝန်ရှိသူအနေနဲ့ Zoom Meeting အစည်းအဝေးကိုသာ တက်ရောက်ခဲ့တာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တာတွေ မရှိတဲ့အကြောင်းတွေကို ရေးသားဖြေရှင်းပြောပြထားတာ ဖြစ်ပါတယ်..။

“တေးရေးမြင့်မိုးအောင်၏ ဖြေရှင်းချက်ြ….မန်မာ့အသံက ဂီတအစည်းအရုံးနဲ့ ဂီတအသင်းအဖွဲ့တွေကို ဖိတ်လို့ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ရှင်များအသင်း တာဝန်ရှိသူအနေနဲ့ Zoom Meeting အစည်းအဝေးတက်ဖြစ်တာပါ။မြန်မာ့အသံက သတင်းလွှင့်ရင် မထည့်ပဲထားရမလား မေးပါတယ်။ စိတ်ရှင်းလို့ ထည့်လည်း ကိစ္စမရှိဘူးလို့ ပြန်ပြောလိုက်ပါတယ်။မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်းအနေနဲ့ရော တေးရေးသူ တစ်ယောက်အဖြစ်ပါ ဘာကိစ္စမျှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါဘူး။

အစည်းအဝေးမှာလည်း ကျနော်တို့အသင်းဟာ မူပိုင်ခွင့်အသင်းပဲဖြစ်လို့ ၅၀၅ ကိစ္စ ကိုဗစ်ကိစ္စ ဘာမှဆွေးနွေးတင်ပြစရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကျနော့်အပေါ် မနှစ်သက်လို့ ဝေဖန်သူတွေပဲဖြစ်ဖြစ် ခင်မင်လို့ စိုးရိမ်ကြတဲ့သူတွေပဲဖြစ်ဖြစ် သူတို့ခံစားချက် ကိုနားလည်ပေးနိုင်ပါတယ်။စိတ်အနှောက်အယှက်ဖြစ်သွားရင်လည်း တောင်းပန်ပါတယ်။ကိုယ့်အသင်းအကြောင်း ကိုယ်ရှင်းပြတာ ဘာပြဿနာမှမရှိဘူးလို့ကျနော် စိတ်ရှင်းရှင်းနဲ့ ကျနော်ယုံကြည်ပါတယ်။

ချစ်ခင်လေးစားစွာဖြင့်တေးရေးမြင့်မိုးအောင်.. ” ဆိုပြီး ရေးသားဖြေရှင်းထားတာပါ..။ ဆရာမြင့်မိုးအောင်ရဲ့ ဖြေရှင်းပြောပြချက်နဲ့ ပတ်သက်ပြီး ပြည်သူတွေကလည်း သူတို့ရဲ့ အမြင်တွေကို ပြန် လည်ပြောထားကြတာ တွေ့ရပါတယ်..။

Source : Myint Moe Aung’s Fb Acc