မွေးကာစ ကလေးငယ်လေး တစ်ဦး လမ်းမှာ စွန့်ပစ်ခံရကြောင်း သိသိချင်းမှာပဲ သူမရဲ့ဂေဟာမှာ မွေးစား စောင့်ရှောက်ပေးဖို့ကို ဆုံးဖြတ်ခဲ့တဲ့ ခိုင်နှင်းဝေ

မွေးကာစ ကလေးငယ်လေး တစ်ဦး လမ်းမှာ စွန့်ပစ်ခံရကြောင်း သိသိချင်းမှာပဲ သူမရဲ့ဂေဟာမှာ မွေးစား စောင့်ရှောက်ပေးဖို့ကို ဆုံးဖြတ်ခဲ့တဲ့ ခိုင်နှင်းဝေ

ဒီရက်ပိုင်းမှာဆိုရင် ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေက အကြောင်း မျိုးမျိုးကြောင့် စွန်းပစ်ခံနေရတဲ့ ကလေးများကို သူမရဲ့ ဂေဟာမှာ တရားဝင် ခေါ်ယူ မွေးစားစောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ် ။

စွန့်ပစ်ခံ ကလေးလေးတွေ ခမျာ လသားအရွယ်တွေ ပါသလို မသန်စွမ်းတာတွေ ရောဂါ ဝေဒနာ ခံစားနေရသူတွေတောင် ပါနေတာ စိတ်မကောင်းစရာပါ ။

ခိုင်နှင်းဝေကတော့ ဘယ်လို ပုံစုံ ကလေးမျိုးပဲ ဖြစ်နေပါစေ ကိုယ့်သားသမီး အရင်းလို သဘောထားပြီး မိခင်ရင်း သဖွယ် နွေးထွေးတဲ့ မေတ္တာ တရားတွေနဲ့ စောင့်ရှောက်ပေးနေတာ လေးစားစရာပါ ။

အခုလည်း ရန်ကင်း (၈)ရပ်ကွက်၊မဉ္ဓူ (၂)လမ်း ထဲမှာမွေးကာစ သားငယ်လေး တစ်ယောက် စွန့်ပစ်သွားကြောင်းကို ရပ်ကွက် လူများ က သူမဆီကို အကြောင်းကြားလာတာကြောင့် ချက်ချင်းမွေးစားဖြစ်ခဲ့ကြောင်းဖော်ပြလာပါတယ် ။

ကလေးရဲ့ ပုံတွေနဲ့ အတူ ” ရန်ကင်း (၈)ရပ်ကွက်၊မဉ္ဓူ (၂)လမ်း ထဲမှာ မွေးကာစ သားငယ်လေး တစ်ယောက် စွန့်ပစ်သွားကြောင်း ရပ်ကွက်မှ လူများ အကြောင်းကြားလာပါတယ်ရှင်…

စွန့်ပစ်တဲ့ မိဘများ စိတ်အေးချမ်းစွာ နေနိုင်ပြီး ကလေးအတွက် အဆင်ပြေပြီဖြစ်ကြောင်း အသိပေးရင်း သားလေးကို ညတွင်းချင်းပဲ ခေါ်ယူဖြစ်ပါတယ်ရှင်…” ဆိုတဲ့ စာလေးကို ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone, Photo – Khine Hnin Wai

(ZAWGYI)

ေမြးကာစ ကေလးငယ္ေလး တစ္ဦး လမ္းမွာ စြန႔္ပစ္ခံရေၾကာင္း သိသိခ်င္းမွာပဲ သူမရဲ႕ေဂဟာမွာ ေမြးစား ေစာင့္ေရွာက္ေပးဖို႔ကို ဆုံးျဖတ္ခဲ့တဲ့ ခိုင္ႏွင္းေဝ

ဒီရက္ပိုင္းမွာဆိုရင္ ပရဟိတ မင္းသမီးႀကီး ခိုင္ႏွင္းေဝက အေၾကာင္း မ်ိဳးမ်ိဳးေၾကာင့္ စြန္းပစ္ခံေနရတဲ့ ကေလးမ်ားကို သူမရဲ႕ ေဂဟာမွာ တရားဝင္ ေခၚယူ ေမြးစားေစာင့္ေရွာက္ေပးေနတာကို ေတြ႕ရပါတယ္ ။

စြန႔္ပစ္ခံ ကေလးေလးေတြ ခမ်ာ လသားအ႐ြယ္ေတြ ပါသလို မသန္စြမ္းတာေတြ ေရာဂါ ေဝဒနာ ခံစားေနရသူေတြေတာင္ ပါေနတာ စိတ္မေကာင္းစရာပါ ။

ခိုင္ႏွင္းေဝကေတာ့ ဘယ္လို ပုံစုံ ကေလးမ်ိဳးပဲ ျဖစ္ေနပါေစ ကိုယ့္သားသမီး အရင္းလို သေဘာထားၿပီး မိခင္ရင္း သဖြယ္ ေႏြးေထြးတဲ့ ေမတၱာ တရားေတြနဲ႔ ေစာင့္ေရွာက္ေပးေနတာ ေလးစားစရာပါ ။အခုလည္း ရန္ကင္း (၈)ရပ္ကြက္၊မၪၶဴ (၂)လမ္း ထဲမွာ ေမြးကာစ သားငယ္ေလး တစ္ေယာက္ စြန႔္ပစ္သြားေၾကာင္းကို ရပ္ကြက္ လူမ်ား က သူမဆီကို အေၾကာင္းၾကားလာတာေၾကာင့္ ခ်က္ခ်င္းေမြးစားျဖစ္ခဲ့ေၾကာင္းေဖာ္ျပလာပါတယ္ ။

ကေလးရဲ႕ ပုံေတြနဲ႔ အတူ ” ရန္ကင္း (၈)ရပ္ကြက္၊မၪၶဴ (၂)လမ္း ထဲမွာ ေမြးကာစ သားငယ္ေလး တစ္ေယာက္ စြန႔္ပစ္သြားေၾကာင္း ရပ္ကြက္မွ လူမ်ား အေၾကာင္းၾကားလာပါတယ္ရွင္…

စြန႔္ပစ္တဲ့ မိဘမ်ား စိတ္ေအးခ်မ္းစြာ ေနႏိုင္ၿပီး ကေလးအတြက္ အဆင္ေျပၿပီျဖစ္ေၾကာင္း အသိေပးရင္း သားေလးကို ညတြင္းခ်င္းပဲ ေခၚယူျဖစ္ပါတယ္ရွင္…” ဆိုတဲ့ စာေလးကို ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone, Photo – Khine Hnin Wai