လျှပ်စစ်ရထားလမ်းနဲ့လျှပ်စစ်ကားတွေပြေးဆွဲဖို့ မူဝါဒတွေတွက်ချက်ပြီးရင်ကြေညာမယ်လို့စစ်ကောင်စီဥက္ကဋ္ဌထပ်မံပြောလာ

လျှပ်စစ်ရထားလမ်းနဲ့လျှပ်စစ်ကားတွေပြေးဆွဲဖို့ မူဝါဒတွေတွက်ချက်ပြီးရင်ကြေညာမယ်လို့စစ်ကောင်စီဥက္ကဋ္ဌထပ်မံပြောလာ

ပြည်တွင်း က အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးမှာ လျှပ်စစ်ကိုပြောင်းဖို့ကြိုးစားဖို့လိုသလို ဒါနဲ့ပတ်သက်တဲ့ မူဝါဒတွေအတွက် အချိန်တစ်ခုတွက်ချက်ပြီးကြေညာသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလက်ရှိ မီးရထားနဲ့မြို့ပတ်ရထားလမ်းတွေကိုလည်း အရှုံးခံပြေးဆွဲနေတာဖြစ်ကြောင်း မနေ့အောက်တိုဘာ ၂၅ရက်နေ့ကနေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“ Public Transportation လုပ်ငန်းတွေကိုကျွန်တော်တို့အားပေးဖို့လိုတယ်။အဲ့ဒီ Transportation မှာလျှပ်စစ်ကိုရအောင်ပြောင်ပြောင်းနိုင်လို့ရှိရင် ဒီထက်ပိုအကျိုးရှိမယ်။ဒါကြောင့် ကျွန်တော်တို့လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် တွန်းအားပေးနေခြင်းဖြစ်ပါတယ်။တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်းနဲ့ဆွဲရပါလိမ့်မယ်။

တစ်နိုင်ငံလုံးလျှပ်စစ်ရထားနဲ့ပြေးရပါလိမ့်မယ်။ တစ်နိုင်ငံလုံးမြို့ပတ်ရထားလမ်းဆို မြို့ပတ်ရထားလမ်းအတိုင်းသွားမယ်။ မြို့ပေါ်တွေမှာသုံးတဲ့ကားတွေကလျှပ်စစ်ကားတွေဖြစ်ရမယ်။ ဒီမူဝါဒကိုတွက်နေပါတယ်။ အချိန်လေးတစ်ခုတွက်လို့ပြီးလို့ရှိရင် ကျွန်တော်တို့ကြေညာပါ့မယ်။

ဘယ်နှစ်မှာတော့ လျှပ်စစ်ကားသုံးတဲ့စနစ်ကိုဘယ်အဆင့်မှာပြောင်းပြီးသားဖြစ်ရမယ်။Private use တွေပေါ့ဗျာ။ ကိုယ်ပိုင်ကားတွေကားငယ်လေးတွေဆိုလို့ရှိရင်လုပ်ငန်းခွင်သုံးတဲ့ကားကြီးတွေကတော့ဖြစ်ကောင်းဖြစ်နိုင် မှာပေါ့လေ။နည်းပညာတွေအရတစ်ခြားနိုင်ငံတွေမှာဖြစ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကြည့်ရဦးမယ်။

အခုနပြောတဲ့လူစီးကားကတော့ ဖြစ်တယ်။ဘတ်စ်ကားတွေဖြစ်နိုင်တယ်။ ဒီဟာတွေဟာ ဘယ်နှစ်မှာ လျှပ်စစ်စနစ်ကိုပြောင်းရမယ်ဆိုပြီး ကျွန်တော်တို့လုပ်ရမယ်။ ဒါမှမလုပ်ရင်လည်း ကျွန်တော်တို့ကျန်ခဲ့လိမ့်မယ်။ ဆီဖိုးနဲ့မွဲလိမ့်မယ်လို့” စစ်ကောင်စီဥက္ကဋ္ဌ ရဲ့ပြောဆိုချက်ကိုစစ်ကောင်စီက ထုတ်တဲ့နိုင်ငံပိုင်သတင်းစာတွေမှာထည့်သွင်းဖော်ပြသွားပါတယ်။

ပြည်တွင်းမှာ အခုလို လျှပ်စစ်ဘတ်စ်ကားတွေ၊ လျှပ်စစ်ရထားလမ်းတွေပြေးဆွဲတော့မယ့် အကြောင်းအရာနဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌပြောဆိုလာတာဆိုရင်၃ကြိမ်ဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်။


အာဏာသိမ်းဖြစ်စဉ်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းနေတယ်လို့နိုင်ငံတကာက ထောက်ပြပြောဆိုနေချိန်မှာ အခုလိုပြောဆိုမှုတွေအတွက်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေ နဲ့ လူထုကြားဝေဖန်တာတွေလည်းတွေ့ရပါတယ်။

#ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ-Getty Images

(ZAWGYI)

လွ်ပ္စစ္ရထားလမ္းနဲ႔လွ်ပ္စစ္ကားေတြေျပးဆြဲဖို႔ မူဝါဒေတြတြက္ခ်က္ၿပီးရင္ေၾကညာမယ္လို႔စစ္ေကာင္စီဥကၠ႒ထပ္မံေျပာလာ

ျပည္တြင္း က အမ်ားျပည္သူသုံးသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြအားလုံးမွာ လွ်ပ္စစ္ကိုေျပာင္းဖို႔ႀကိဳးစားဖို႔လိုသလို ဒါနဲ႔ပတ္သက္တဲ့ မူဝါဒေတြအတြက္ အခ်ိန္တစ္ခုတြက္ခ်က္ၿပီးေၾကညာသြားမယ္လို႔စစ္ေကာင္စီဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုလိုက္ပါတယ္။အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြနဲ႔ပတ္သက္ၿပီးလက္ရွိ မီးရထားနဲ႔ၿမိဳ႕ပတ္ရထားလမ္းေတြကိုလည္း အရႈံးခံေျပးဆြဲေနတာျဖစ္ေၾကာင္း မေန႔ေအာက္တိုဘာ ၂၅ရက္ေန႔ကေနျပည္ေတာ္မွာလုပ္တဲ့ ျပည္ေထာင္စုအစိုးရအစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

 

“ Public Transportation လုပ္ငန္းေတြကိုကြၽန္ေတာ္တို႔အားေပးဖို႔လိုတယ္။အဲ့ဒီ Transportation မွာလွ်ပ္စစ္ကိုရေအာင္ေျပာင္ေျပာင္းႏိုင္လို႔ရွိရင္ ဒီထက္ပိုအက်ိဳးရွိမယ္။ဒါေၾကာင့္ ကြၽန္ေတာ္တို႔လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ေရးအတြက္ တြန္းအားေပးေနျခင္းျဖစ္ပါတယ္။တစ္ႏိုင္ငံလုံး လွ်ပ္စစ္ရထားလမ္းနဲ႔ဆြဲရပါလိမ့္မယ္။ တစ္ႏိုင္ငံလုံးလွ်ပ္စစ္ရထားနဲ႔ေျပးရပါလိမ့္မယ္။ တစ္ႏိုင္ငံလုံးၿမိဳ႕ပတ္ရထားလမ္းဆို ၿမိဳ႕ပတ္ရထားလမ္းအတိုင္းသြားမယ္။ ၿမိဳ႕ေပၚေတြမွာသုံးတဲ့ကားေတြကလွ်ပ္စစ္ကားေတြျဖစ္ရမယ္။ ဒီမူဝါဒကိုတြက္ေနပါတယ္။ အခ်ိန္ေလးတစ္ခုတြက္လို႔ၿပီးလို႔ရွိရင္ ကြၽန္ေတာ္တို႔ေၾကညာပါ့မယ္။ ဘယ္ႏွစ္မွာေတာ့ လွ်ပ္စစ္ကားသုံးတဲ့စနစ္ကိုဘယ္အဆင့္မွာေျပာင္းၿပီးသားျဖစ္ရမယ္။Private use ေတြေပါ့ဗ်ာ။ ကိုယ္ပိုင္ကားေတြကားငယ္ေလးေတြဆိုလို႔ရွိရင္လုပ္ငန္းခြင္သုံးတဲ့ကားႀကီးေတြကေတာ့ျဖစ္ေကာင္းျဖစ္ႏိုင္ မွာေပါ့ေလ။နည္းပညာေတြအရတစ္ျခားႏိုင္ငံေတြမွာျဖစ္ေနတဲ့အေျခအေနေတြကို ကြၽန္ေတာ္တို႔ၾကည့္ရဦးမယ္။အခုနေျပာတဲ့လူစီးကားကေတာ့ ျဖစ္တယ္။ဘတ္စ္ကားေတြျဖစ္ႏိုင္တယ္။ ဒီဟာေတြဟာ ဘယ္ႏွစ္မွာ လွ်ပ္စစ္စနစ္ကိုေျပာင္းရမယ္ဆိုၿပီး ကြၽန္ေတာ္တို႔လုပ္ရမယ္။ ဒါမွမလုပ္ရင္လည္း ကြၽန္ေတာ္တို႔က်န္ခဲ့လိမ့္မယ္။ ဆီဖိုးနဲ႔မြဲလိမ့္မယ္လို႔” စစ္ေကာင္စီဥကၠ႒ ရဲ႕ေျပာဆိုခ်က္ကိုစစ္ေကာင္စီက ထုတ္တဲ့ႏိုင္ငံပိုင္သတင္းစာေတြမွာထည့္သြင္းေဖာ္ျပသြားပါတယ္။

ျပည္တြင္းမွာ အခုလို လွ်ပ္စစ္ဘတ္စ္ကားေတြ၊ လွ်ပ္စစ္ရထားလမ္းေတြေျပးဆြဲေတာ့မယ့္ အေၾကာင္းအရာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဥကၠ႒ေျပာဆိုလာတာဆိုရင္၃ႀကိမ္ဝန္းက်င္ေလာက္ရွိေနၿပီျဖစ္ပါတယ္။
အာဏာသိမ္းျဖစ္စဥ္ေၾကာင့္ တိုင္းျပည္ရဲ႕စီးပြားေရးက်ဆင္းေနတယ္လို႔ႏိုင္ငံတကာက ေထာက္ျပေျပာဆိုေနခ်ိန္မွာ အခုလိုေျပာဆိုမႈေတြအတြက္လည္း ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြ နဲ႔ လူထုၾကားေဝဖန္တာေတြလည္းေတြ႕ရပါတယ္။

#ဘီဘီစီျမန္မာပိုင္း
ဓါတ္ပုံ-Getty Images