2021 ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ စံကာတင်စာရင်းတွင် ပိုင်တံခွန် ထပ်မံပါဝင်လာ

2021 ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ စံကာတင်စာရင်းတွင် ပိုင်တံခွန် ထပ်မံပါဝင်လာ

မတရား ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ TC Candler Entertainment က ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အချောဆုံးအမျိုးသား ၁၀၀ ဆန်ကာတင်စာရင်းမှာ ပါဝင်လာပါတယ်

ကမ္ဘာ့နာမည်ကျော် 100 Most Handsome Faces List ကို TC CANDLER နဲ့ The Independent Critics တို့က ၁၉၉၀ ပြည့်နှစ်ကတည်းကစတင်ဖော်ပြခဲ့တာပါ

အခုနောက်ပိုင်းမှာတော့ ဒီစာရင်းဟာ သန်းနဲ့ချီတဲ့ ကြည့်ရှုသူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာတာ ဖြစ်ပါတယ်

TC Candler က‌နေ ကမ္ဘာ့အချောဆုံး မျက်နှာပိုင်ရှင် အမျိုးသား နဲ့ အမျိုးသမီးစာရင်းကို နှစ်စဉ် ထုတ်ပြန်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်အဖြစ်သတ်မှတ်ခံရနိုင်ချေရှိတဲ့ ဆန်ခါတင်စာရင်းကိုတော့ သူတို့ရဲ့ Instagram မှာ ထုတ်ပြန်ကြေညာခဲ့ပြီး

ပိုင်တံခွန် ပါဝင်ခဲ့တာပါ၂၀၂၀ အတွက် The 100 Most Handsome & Beautiful Faces 2020 စာရင်းမှာလည်း ပိုင်တံခွန်ပါဝင်တယ်လို့ TC Candler Entertainment က ကြေညာထားပါသေးတယ်

သရုပ်ဆောင်ပိုင်တံခွန်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီးကတည်းက အမှန်တရားဘက်က ရပ်တည်ကာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆို အဖမ်းခံထားရပြီး အခုဆိုရင် ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်

Crd-Original Post

(ZAWGYI)

2021 ကမာၻ႔အေခ်ာဆုံး အမ်ိဳးသား ၁၀၀ စံကာတင္စာရင္းတြင္ ပိုင္တံခြန္ ထပ္မံပါဝင္လာ

မတရား ဖမ္းဆီးခံထားရတဲ့ သ႐ုပ္ေဆာင္ ပိုင္တံခြန္ဟာ TC Candler Entertainment က ထုတ္ျပန္တဲ့ ၂၀၂၁ ခုႏွစ္အတြက္ ကမာၻ႔အေခ်ာဆုံးအမ်ိဳးသား ၁၀၀ ဆန္ကာတင္စာရင္းမွာ ပါဝင္လာပါတယ္

ကမာၻ႔နာမည္ေက်ာ္ 100 Most Handsome Faces List ကို TC CANDLER နဲ႔ The Independent Critics တို႔က ၁၉၉၀ ျပည့္ႏွစ္ကတည္းကစတင္ေဖာ္ျပခဲ့တာပါ

အခုေနာက္ပိုင္းမွာေတာ့ ဒီစာရင္းဟာ သန္းနဲ႔ခ်ီတဲ့ ၾကည့္ရႈသူေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိလာတာ ျဖစ္ပါတယ္

TC Candler က‌ေန ကမာၻ႔အေခ်ာဆုံး မ်က္ႏွာပိုင္ရွင္ အမ်ိဳးသား နဲ႔ အမ်ိဳးသမီးစာရင္းကို ႏွစ္စဥ္ ထုတ္ျပန္ေနတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အတြက္ အေခ်ာဆုံး မ်က္ႏွာပိုင္ရွင္အျဖစ္

သတ္မွတ္ခံရႏိုင္ေခ်ရွိတဲ့ ဆန္ခါတင္စာရင္းကိုေတာ့ သူတို႔ရဲ႕ Instagram မွာ ထုတ္ျပန္ေၾကညာခဲ့ၿပီး ပိုင္တံခြန္ ပါဝင္ခဲ့တာပါ၂၀၂၀ အတြက္ The 100 Most Handsome & Beautiful Faces 2020 စာရင္းမွာလည္း ပိုင္တံခြန္ပါဝင္တယ္လို႔ TC Candler Entertainment က ေၾကညာထားပါေသးတယ္

သ႐ုပ္ေဆာင္ပိုင္တံခြန္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က မတရား အာဏာသိမ္းၿပီးကတည္းက အမွန္တရားဘက္က ရပ္တည္ကာ လမ္းေပၚထြက္ဆႏၵျပခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆို အဖမ္းခံထားရၿပီး အခုဆိုရင္ ၆ လေက်ာ္ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္

Crd-Original Post