ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိ ဖြစ်လာနေတဲ့ ဘဏ်လုပ်ငန်းများ

ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိ ဖြစ်လာနေတဲ့ ဘဏ်လုပ်ငန်းများ

ဘဏ်တွေမှာ ယခင်က ATM မှာတန်းစီပြီး ငွေထုတ်လို့ရနေပေမယ့် ခုချိန်မှာ ATM တွေမှာ လုံးဝ ငွေမဖြည့်ကြတော့တဲ့အထိဖြစ်လာနေတာတွေ့ရပါတယ်။လက်ရှိအချိန်ထိ ဘဏ်ထဲမှာရှိနေတဲ့ငွေကို လွယ်လွယ်ကူကူထုတ်မရသေးတဲ့အတွက်

စီးပွားရေးလုပ်ငန်းရှင်များသာမက နေ့စဉ်အသုံးစရိတ်အတွက်ပါ ငွေရှိပြီး ငွေထုတ်မရပဲ အခက်အခဲများစွာရင်ဆိုင်နေကြရဆဲပဲဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်ရက်နေ့နောက်ပိုင်းကစလို မြန်မာနိုင်ငံမှာငွေသားရှားပါးတဲ့ ပြဿနာစတင်ခဲ့တာဖြစ်ပါတယ်။ယခင်က ကိုဗစ်ကပ်ကြောင့်စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့လည်း ကိုယ့်ငွေက ဘဏ်အကောင့်ထဲမှာရှိတယ်ဆိုရင်ဘဏ်တွေမှာသွားထုတ်လိုရသလို

ATM စက်တွေမှာလည်း ထုတ်ယူလိုရနေခဲ့ပါသေးတယ်။နစကတာဝန်ယူခဲ့တဲ့ ဖေဖော်ဝါရီလတစ်ရက်ကနေ ဇွန်လလောက်ထိ ATM မှာတန်းစီငွေထုတ်ရတာ၊ဘဏ်တွေမှာတန်းစီစောင့်ဆိုင်းပြီးမှ ငွေထုတ်ရတာတွေရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ ATM စက်တွေမှာငွေမဖြည့်ကြတော့ပါဘူး။

တချို့ပြည်သူတွေကတော့ ဘဏ်တွေမှာအပ်ထားတဲ့ ငွေကိုသွားပြီး ထုတ်တာတွေလုပ်လာကြသလိုဘဏ်စာရင်းနံပါတ်ချင်း bank account transferနဲ့ ရာခိုင်နှုန်းတစ်ခုပေးပြီးကိုယ့်ငွေကိုကိုယ်ပြန်ထုတ်နေကြတာလည်းရှိနေပါတယ်။ဒါတွေကိုကြည့်မယ်ဆိုရင် ဘဏ်တွေအပေါ်မှာယုံကြည်မှုကျဆင်းနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိဘဏ်တွေမှာထည့်ထားတဲ့ ပိုက်ဆံတွေကိုလိုသလောက်ထုတ်လိုမရနိုင်သေးတဲ့ အခြေအနေဖြစ်နေတာပါ။

ထုတ်တဲ့သူတွေများလေလေ ဘဏ်တွေရဲ့ အခြေအနေတွေက ပိုပြီးအဆိုးဘက်ကိုရောက်လေ ဖြစ်နိုင်တာကြောင့် သက်ဆိုင်ရာဘဏ်တွေအနေအမြန်ဆုံး ဖြေရှင်းပေးသင့်သလို ဘဏ်စုငွေကို အတိုးနှုန်း တိုးမြှင့်ပေးရန်လိုတယ်လို့လည်း စီးပွားရေးပညာရှင်စာရေးဆရာ အောင်ချိန်ဘွားကသုံးသပ်ပြောဆိုထားပါတယ်။

Crd-Original Post

(ZAWGYI)

ATM ေတြမွာ လုံးဝ ေငြမျဖည့္ၾကေတာ့တဲ့အထိ ျဖစ္လာေနတဲ့ ဘဏ္လုပ္ငန္းမ်ား

ဘဏ္ေတြမွာ ယခင္က ATM မွာတန္းစီၿပီး ေငြထုတ္လို႔ရေနေပမယ့္ ခုခ်ိန္မွာ ATM ေတြမွာ လုံးဝ ေငြမျဖည့္ၾကေတာ့တဲ့အထိျဖစ္လာေနတာေတြ႕ရပါတယ္။လက္ရွိအခ်ိန္ထိ ဘဏ္ထဲမွာရွိေနတဲ့ေငြကို လြယ္လြယ္ကူကူထုတ္မရေသးတဲ့အတြက္ စီးပြားေရးလုပ္ငန္းရွင္မ်ားသာမက ေန႔စဥ္အသုံးစရိတ္အတြက္ပါ ေငြရွိၿပီး ေငြထုတ္မရပဲ အခက္အခဲမ်ားစြာရင္ဆိုင္ေနၾကရဆဲပဲျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ေနာက္ပိုင္းကစလို ျမန္မာႏိုင္ငံမွာေငြသားရွားပါးတဲ့ ျပႆနာစတင္ခဲ့တာျဖစ္ပါတယ္။ယခင္က ကိုဗစ္ကပ္ေၾကာင့္စီးပြားေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ခဲ့ရတယ္ဆိုေပမဲ့လည္း ကိုယ့္ေငြက ဘဏ္အေကာင့္ထဲမွာရွိတယ္ဆိုရင္ဘဏ္ေတြမွာသြားထုတ္လိုရသလို ATM စက္ေတြမွာလည္း ထုတ္ယူလိုရေနခဲ့ပါေသးတယ္။

နစကတာဝန္ယူခဲ့တဲ့ ေဖေဖာ္ဝါရီလတစ္ရက္ကေန ဇြန္လေလာက္ထိ ATM မွာတန္းစီေငြထုတ္ရတာ၊ဘဏ္ေတြမွာတန္းစီေစာင့္ဆိုင္းၿပီးမွ ေငြထုတ္ရတာေတြရွိခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ATM စက္ေတြမွာေငြမျဖည့္ၾကေတာ့ပါဘူး။

တခ်ိဳ႕ျပည္သူေတြကေတာ့ ဘဏ္ေတြမွာအပ္ထားတဲ့ ေငြကိုသြားၿပီး ထုတ္တာေတြလုပ္လာၾကသလိုဘဏ္စာရင္းနံပါတ္ခ်င္း bank account transferနဲ႔ ရာခိုင္ႏႈန္းတစ္ခုေပးၿပီးကိုယ့္ေငြကိုကိုယ္ျပန္ထုတ္ေနၾကတာလည္းရွိေနပါတယ္။ဒါေတြကိုၾကည့္မယ္ဆိုရင္ ဘဏ္ေတြအေပၚမွာယုံၾကည္မႈက်ဆင္းေနတာကို ျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိဘဏ္ေတြမွာထည့္ထားတဲ့ ပိုက္ဆံေတြကိုလိုသေလာက္ထုတ္လိုမရႏိုင္ေသးတဲ့ အေျခအေနျဖစ္ေနတာပါ။

ထုတ္တဲ့သူေတြမ်ားေလေလ ဘဏ္ေတြရဲ႕ အေျခအေနေတြက ပိုၿပီးအဆိုးဘက္ကိုေရာက္ေလ ျဖစ္ႏိုင္တာေၾကာင့္ သက္ဆိုင္ရာဘဏ္ေတြအေနအျမန္ဆုံး ေျဖရွင္းေပးသင့္သလို ဘဏ္စုေငြကို အတိုးႏႈန္း တိုးျမႇင့္ေပးရန္လိုတယ္လို႔လည္း စီးပြားေရးပညာရွင္စာေရးဆရာ ေအာင္ခ်ိန္ဘြားကသုံးသပ္ေျပာဆိုထားပါတယ္။

Crd-Original Post