ပန်းဘာကြောင့်လှူရသလဲ၊ ပန်းအိုးမည်မျှထားသင့်သလဲ

ပန်းဘာကြောင့်လှူရသလဲ၊ ပန်းအိုးမည်မျှထားသင့်သလဲ

ဂေါတမမြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူအများ ဘုရားဖူးတရားနာလာကြကုန်၏။

ခရီးကပန်းလမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက်အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။ တချို့မှာချွေးနံ့တထောင်းထောင်းနှင့် ဘုရားရှင်သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တ်ခုလုံး အနံ့သက်တွေကမကောင်း။

ဒါကိုသတိပြုမိတဲ့ ညီတော်အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့တရားနာပရိသတ်အကြားမှာ ပန်းနံ့သာတွေကိုထားခဲ့ကြတယ်။

ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီကချွေးနံ့တွေ ဘုရားဆီမရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီးအမောတွေပြေ စိတ်တွေကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက်ကြည်ကြည်နူးနူးရှိလာတယ်။ ထိုအချိန်မှစ၍ ဘုရားပန်းလှူတဲ့ဓလေ့ကစတင်လာတယ်။ ပန်းပန်တာမဟုတ်တဲ့အတွက် မာလာဂန္ဓဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူးအပြစ်ကင်းတယ်။ ပန်းအိုးဘယ်နှအိုးထားရမလဲဆိုတဲ့အမေးမှာ နံပါတ်တစ်အဖြေကသက်သေဖြစ်တယ်။

ဘယ်နှအိုးထားထားအပြစ်မရှိဘူး။ မိမိတို့ရဲ့ဘုရား‌ကျောင်း‌ဆောင်နဲ့ လိုက်ဖက်သလိုထားနိုင်တယ်။ တစ်အိုး၊သုံးအိုး စသည်ဖြင့်မဂဏန်းထားမှ နှစ်အိုး၊လေးအိုး စသည်ဖြင့်စုံဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။

စုံမခွဲပြီးလှူဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။ မိမိရဲ့ဘုရား‌ကျောင်း‌ဆောင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ်ဆိုတာကို ချင့်ချိန်တတ်ဖို့အရေးကြီးသည်။

တချို့ကယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက်အမျိုးမျိုးလှူကြတယ်။ ဘယ်လိုပဲလှူလှူ ကုသိုလ်ကကုသိုလ်ပဲ။ ဘုရားပန်းတွေလန်းတော့ ဘုရား‌ကျောင်းဆောင်လည်း မင်္ဂလာကျက်သရေတိုးတာပေါ့။

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်စင်ပရိသတ်အပေါင်း ကပ်သုံးပါးနှင့်ဝေး၍ အမြတ်ဆုံးတရားနှင့်အေးပါစေ။ ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာလန်းဖြာကြပါစေ။

Crd-Original Post

(ZAWGYI)

ပန္းဘာေၾကာင့္လႉရသလဲ၊ ပန္းအိုးမည္မွ်ထားသင့္သလဲ

ေဂါတမျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွ သီတင္းသုံးေတာ္မူစဥ္ ရပ္ေဝးရပ္နီးမွ ရဟန္းရွင္လူအမ်ား ဘုရားဖူးတရားနာလာၾကကုန္၏။

ခရီးကပန္းလမ္းကၾကမ္းေသာေၾကာင့္ ေခြၽးသီးေခြၽးေပါက္အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။ တခ်ိဳ႕မွာေခြၽးနံ႔တေထာင္းေထာင္းႏွင့္ ဘုရားရွင္သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္တ္ခုလုံး အနံ႔သက္ေတြကမေကာင္း။

ဒါကိုသတိျပဳမိတဲ့ ညီေတာ္အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔တရားနာပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကိုထားခဲ့ၾကတယ္။

ဘုရားပန္းေတြေၾကာင့္ ပရိသတ္ေတြဆီကေခြၽးနံ႔ေတြ ဘုရားဆီမေရာက္ေတာ့ဘူးေပါ့။ တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြကိုျမင္ၿပီးအေမာေတြေျပ စိတ္ေတြၾကည္လင္လာတယ္။

တရားနာရတာလည္း အရင္ကထက္ၾကည္ၾကည္ႏူးႏူးရွိလာတယ္။ ထိုအခ်ိန္မွစ၍ ဘုရားပန္းလႉတဲ့ဓေလ့ကစတင္လာတယ္။ ပန္းပန္တာမဟုတ္တဲ့အတြက္ မာလာဂႏၶဝိေလပနဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈမရွိေတာ့ဘူးအျပစ္ကင္းတယ္။ ပန္းအိုးဘယ္ႏွအိုးထားရမလဲဆိုတဲ့အေမးမွာ နံပါတ္တစ္အေျဖကသက္ေသျဖစ္တယ္။

ဘယ္ႏွအိုးထားထားအျပစ္မရွိဘူး။ မိမိတို႔ရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္နဲ႔ လိုက္ဖက္သလိုထားႏိုင္တယ္။ တစ္အိုး၊သုံးအိုး စသည္ျဖင့္မဂဏန္းထားမွ ႏွစ္အိုး၊ေလးအိုး စသည္ျဖင့္စုံဂဏန္းထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။

စုံမခြဲၿပီးလႉဒါန္းတာက ဗုဒၶဘာသာရဲ႕ အယူအဆမဟုတ္။ မိမိရဲ႕ဘုရား‌ေက်ာင္း‌ေဆာင္အေနအထားက ဘယ္ႏွအိုးထားမွ တင့္တယ္မယ္ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔အေရးႀကီးသည္။

တခ်ိဳ႕ကယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္အမ်ိဳးမ်ိဳးလႉၾကတယ္။ ဘယ္လိုပဲလႉလႉ ကုသိုလ္ကကုသိုလ္ပဲ။ ဘုရားပန္းေတြလန္းေတာ့ ဘုရား‌ေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရတိုးတာေပါ့။

တရားခ်စ္ခင္ စိတ္ေကာင္းဝင္ၾကကုန္ေသာ သူေတာ္စင္ပရိသတ္အေပါင္း ကပ္သုံးပါးႏွင့္ေဝး၍ အျမတ္ဆုံးတရားႏွင့္ေအးပါေစ။ ကိုယ္စိတ္ႏွစ္ဖ်ာက်န္းမာခ်မ္းသာလန္းျဖာၾကပါေစ။

Crd-Original Post