၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသနေရ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသနေရ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ရက် ညက ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့်အတွက် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၎င်း၏ ဇနီးဖြစ်သူ မနီလာသိန်းက လူမှုကွန်ရက်တွင် ယခုညပိုင်းက ရေးသားထားသည်။

ကိုဂျင်မီကို အောက်တိုဘာ ၂၃ ရက် ည ၉ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရေကြည်အိုင် စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အသက်အန္တရယ်ကိုစိုးရိမ်ပါတယ်။ စကစ ဖမ်းဆီးမှု့နောက်ပိုင်းဖြစ်ပေါ်လာတဲ့အခြေအနေ အားလုံးကိုတာဝန်ယူဖြေရှင်းရမယ်။” ဟုလည်း မနီလာသိန်းက ၎င်း၏ လူမှုကွန်ရက်တွင် ယနေ့ ညနေပိုင်းက ရေးသားခဲ့သေးသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅−ခ ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) အဖွဲ့ ခေါင်းဆောင် ကိုဂျင်မီသည် တိမ်းရှောင်နေရာမှ ယမန်နေ့ညက အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

Photo – မောင်သိန်း (ဒဿနိကဗေဒ)

(ZAWGYI)

၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ မဂၤလာဒုံစစ္ေဆး႐ုံတြင္ ေဆးကုသေနရ

၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ စစ္ေကာင္စီတပ္က ေအာက္တိုဘာ ၂၃ရက္ ညက ဖမ္းဆီးခဲ့ၿပီး လက္ရွိတြင္ ဒဏ္ရာျပင္းထန္စြာ ရရွိထားသည့္အတြက္ မဂၤလာဒုံစစ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း ၎၏ ဇနီးျဖစ္သူ မနီလာသိန္းက လူမႈကြန္ရက္တြင္ ယခုညပိုင္းက ေရးသားထားသည္။

ကိုဂ်င္မီကို ေအာက္တိုဘာ ၂၃ ရက္ ည ၉ နာရီခန႔္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္း ဖမ္းဆီးခံရျခင္းျဖစ္ၿပီး ေရၾကည္အိုင္ စစ္ေၾကာေရးစခန္းသို႔ ေခၚေဆာင္သြားခဲ့ေၾကာင္း ၈၈ မ်ိဳးဆက္ေက်ာင္းသားမ်ားႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

“အသက္အႏၲရယ္ကိုစိုးရိမ္ပါတယ္။ စကစ ဖမ္းဆီးမႈ႕ေနာက္ပိုင္းျဖစ္ေပၚလာတဲ့အေျခအေန အားလုံးကိုတာဝန္ယူေျဖရွင္းရမယ္။” ဟုလည္း မနီလာသိန္းက ၎၏ လူမႈကြန္ရက္တြင္ ယေန႔ ညေနပိုင္းက ေရးသားခဲ့ေသးသည္။

ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅−ခ ျဖင့္ ဖမ္းဝရမ္းထုတ္ခံထားရသူ ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္း (၈၈/ၿငိမ္းပြင့္) အဖြဲ႕ ေခါင္းေဆာင္ ကိုဂ်င္မီသည္ တိမ္းေရွာင္ေနရာမွ ယမန္ေန႔ညက အဖမ္းခံလိုက္ရျခင္းျဖစ္သည္။

Photo – ေမာင္သိန္း (ဒႆနိကေဗဒ)