မြစ်ကြီးနားမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

မြစ်ကြီးနားမြို့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်

“ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းက လူဦးရေ တစ်ထောင်ကျော်နဲ့ တပ်မတော် ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။

တပ်မတော် ထောက်ခံပွဲကို လူဦးရေ တစ်ထောင်ကျော်နဲ့ တပ်အနီးမှာရှိတဲ့ လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“ကျမတို့ ရှေ့က နေဖြတ်သွားတော့ ၉ နာရီမထိုးခင်လေးကပဲ လမ်းမကြီးအတိုင်း တည့်တည့်သွားပြီး ပြန်လှည့်သွားတော့ ၉ နာရီကျော်လေးပဲ။ လူဦးရေကတော့ တစ်ထောင်ကျော်မယ် ထင်တယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

“တပ်မတော် ထောက်ခံပွဲမှာ NUG နဲ့ CRPH အလိုမရှိ၊ တပ်မတော်ဖြိုခွဲသူ ဒို့ရန်သူ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကိုကြိုဆိုထေါက်ခံပါသည်၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားကြိုဆိုထောက်ခံပါသည်” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ထောက်ခံပွဲကို ဌာနဆိုင်ရာတွေ၊ YMBA အဖွဲ့၊ စစ်မှုထမ်းဟောင်းများအဖွဲ့တွေနဲ့ မြို့ပေါ်ကမဟုတ်တဲ့ နယ်က လူတွေ ပါတယ်လို့ သိရပါတယ်။”

DVB

(ZAWGYI)

ျမစ္ႀကီးနားၿမိဳ႕တြင္ တပ္မေတာ္ေထာက္ခံပြဲ ျပဳလုပ္

“ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ေအာက္တိုဘာ ၂၅ ရက္ မနက္ပိုင္းက လူဦးေရ တစ္ေထာင္ေက်ာ္နဲ႔ တပ္မေတာ္ ေထာက္ခံပြဲျပဳလုပ္ခဲ့ပါတယ္။

တပ္မေတာ္ ေထာက္ခံပြဲကို လူဦးေရ တစ္ေထာင္ေက်ာ္နဲ႔ တပ္အနီးမွာရွိတဲ့ လမ္းမေပၚမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

“က်မတို႔ ေရွ႕က ေနျဖတ္သြားေတာ့ ၉ နာရီမထိုးခင္ေလးကပဲ လမ္းမႀကီးအတိုင္း တည့္တည့္သြားၿပီး ျပန္လွည့္သြားေတာ့ ၉ နာရီေက်ာ္ေလးပဲ။ လူဦးေရကေတာ့ တစ္ေထာင္ေက်ာ္မယ္ ထင္တယ္” လို႔ေဒသခံတစ္ဦးကေျပာပါတယ္။

“တပ္မေတာ္ ေထာက္ခံပြဲမွာ NUG နဲ႔ CRPH အလိုမရွိ၊ တပ္မေတာ္ၿဖိဳခြဲသူ ဒို႔ရန္သူ၊ ႏိုင္ငံေတာ္ကို ထိန္းသိမ္းေစာင့္ေရွာက္ေနေသာ ျမန္မာ့တပ္မေတာ္ကိုႀကိဳဆိုေထါက္ခံပါသည္၊

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအားႀကိဳဆိုေထာက္ခံပါသည္” စတဲ့ စာသားပါ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး ေႂကြးေၾကာ္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

ေထာက္ခံပြဲကို ဌာနဆိုင္ရာေတြ၊ YMBA အဖြဲ႕၊ စစ္မႈထမ္းေဟာင္းမ်ားအဖြဲ႕ေတြနဲ႔ ၿမိဳ႕ေပၚကမဟုတ္တဲ့ နယ္က လူေတြ ပါတယ္လို႔ သိရပါတယ္။”

DVB