စစ်ကောင်စီကို အာဆီယံကမဖိတ်လို့ စိတ်မကောင်းဖြစ်နေတဲ့ မဲမနိုင် သက်သက်ခိုင်

စစ်ကောင်စီကို အာဆီယံကမဖိတ်လို့ စိတ်မကောင်းဖြစ်နေတဲ့ မဲမနိုင် သက်သက်ခိုင်

“အာဏာသိမ်းစစ်ကောင်စီ၏ လူမှုရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဒေါ်သက်သက်ခိုင်၏ PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) က အာဆီယံအနေဖြင့် ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းခေါင်းဆောင်အား တက်ခွင့်မပေးခြင်းအား များစွာစိတ်မကောင်းကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာသည်။

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကို တာဝန်ရှိအစိုးရက ထိန်းသိမ်းဆောင်ရွက်နေတဲ့ အနေအထားဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်မသွားဖို့နဲ့ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း ပန်ကြားလွှာ မှာရေးသားထားပါတယ်။

မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အပြုသဘောဆောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆက်လက်ပံ့ပိုးကူညီပါရန် မေတ္တာရပ်ခံပါသည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

အာဆီယံအနေနဲ့ ASEAN Charter မှာဖော်ပြထားသလို လွတ်လပ်မှု၊ အချုပ်အခြာပိုင်ဆိုင်မှု၊ သာတူညီမျှမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ အမြိုးသားရေးလက္ခဏာမှု စတဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုကို အလေးထားဆောင်ရွက်တဲ့အနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အပေါ် အပြုသဘောဆောင်တဲ့ အကြံပြုကူညီ ဆောင်ရွက်တာတွေနဲ့ ဆက်လက်ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုတယ်လို့ PPP ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုတည်ထောင်၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည့် ဒေါ်သက်သက်ခိုင်သည် အာဏာသိမ်းအဖွဲ့၏ စစ်ကောင်စီတွင် ပါဝင်လာပြီး လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင် ကလူကယ်ပြန် ဝန်ကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။”

Crd-Original Post

(ZAWGYI)

စစ္ေကာင္စီကို အာဆီယံကမဖိတ္လို႔ စိတ္မေကာင္းျဖစ္ေနတဲ့ မဲမႏိုင္ သက္သက္ခိုင္

“အာဏာသိမ္းစစ္ေကာင္စီ၏ လူမႈေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရသည့္ ေဒၚသက္သက္ခိုင္၏ PPP (ျပည္သူ႔ေရွ႕ေဆာင္ပါတီ) က အာဆီယံအေနျဖင့္ ထိပ္သီးအစည္းအေဝးသို႔ အာဏာသိမ္းေခါင္းေဆာင္အား တက္ခြင့္မေပးျခင္းအား မ်ားစြာစိတ္မေကာင္းေၾကာင္း ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလ (၂၄) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လာသည္။

လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးေျပာင္းလဲမႈျဖစ္စဥ္ေတြကို တာဝန္ရွိအစိုးရက ထိန္းသိမ္းေဆာင္႐ြက္ေနတဲ့ အေနအထားဟာ ဒီမိုကေရစီလမ္းေၾကာင္းကေန ေသြဖယ္မသြားဖို႔နဲ႔ တည္ၿငိမ္ေအးခ်မ္းေရးကို အေလးထားေဆာင္႐ြက္ေနတဲ့ အေနအထားျဖစ္တယ္လို႔ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ရဲ႕အာဆီယံႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္း ပန္ၾကားလႊာ မွာေရးသားထားပါတယ္။

မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈမ်ားကို အျပဳသေဘာေဆာင္ၿပီး ႏိုင္ငံတကာအသိုင္းအဝိုင္းအေနျဖင့္ ဆက္လက္ပံ့ပိုးကူညီပါရန္ ေမတၱာရပ္ခံပါသည္ဟုလည္း ေဖၚျပထားသည္ကို ေတြ႕ရသည္။

အာဆီယံအေနနဲ႔ ASEAN Charter မွာေဖာ္ျပထားသလို လြတ္လပ္မႈ၊ အခ်ဳပ္အျခာပိုင္ဆိုင္မႈ၊ သာတူညီမွ်မႈ၊ ပိုင္နက္နယ္ေျမတည္တံ့ခိုင္ၿမဲမႈ၊ အၿမိဳးသားေရးလကၡဏာမႈ စတဲ့အဖြဲ႕ဝင္ႏိုင္ငံတစ္ခုကို အေလးထားေဆာင္႐ြက္တဲ့အေနနဲ႔ မိမိတို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးေျပာင္းလဲမႈ ျဖစ္စဥ္အေပၚ အျပဳသေဘာေဆာင္တဲ့ အႀကံျပဳကူညီ ေဆာင္႐ြက္တာေတြနဲ႔ ဆက္လက္ကူညီေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံလိုတယ္လို႔ PPP ပါတီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ NLD ပါတီမွ ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ကိုတည္ေထာင္၍ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ ရႈံးနိမ့္ခဲ့သည့္ ေဒၚသက္သက္ခိုင္သည္ အာဏာသိမ္းအဖြဲ႕၏ စစ္ေကာင္စီတြင္ ပါဝင္လာၿပီး လူမႈေရးဝန္ႀကီးအျဖစ္ တာဝန္ယူထားသူျဖစ္သည္။

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ပါတီရဲ႕ ဥကၠဌ ေဒၚသက္သက္ခိုင္ ကလူကယ္ျပန္ ဝန္ႀကီးအျဖစ္တာဝန္ယူေဆာင္႐ြက္ေနတာျဖစ္ပါတယ္။”

Crd-Original Post