ဘယ်သောအခါမှ မုန်း၍လည်း ကျိန်စာ မတိုက်ပါနှင့် ချစ်ခင်၍လည်း နောက်ဘဝ ပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့

ဘယ်သောအခါမှ မုန်း၍လည်း ကျိန်စာ မတိုက်ပါနှင့် ချစ်ခင်၍လည်း နောက်ဘဝ ပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့

ကံကံ၏ အကျိုးရယ် သံသရာဆိုတာကိုရယ် ယုံကြည် သက်ဝင်ကြပါစေ…

ကံမှန်ပါက အကျိုးပေး သန်၏ ပြုသူအသစ် ဖြစ်သူ အဟောင်းပါ…

{ ကံ ကံ၏ အကျိုးပေးတွေပါ }

ပဋာစာရီ

လင်ကို မြွေကိုက်.. သားကြီး ရေနစ်.. သားငယ် စွန်ချီ.. မိဘ နှစ်ပါးနှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့် ဆုံးရှုံး.. အဝတ်အစားမဲ့ ရူးခဲ့ကြရတယ်..

မြတ်ဗုဒ္ဓ နှင့် တွေ့တော့…

ချစ်သမီး ဒီပွဲဟာ ငိုရမယ့်ပွဲ မဟုတ်ဘူး.. လက်ခုပ် လက်ဝါး တီးပြီး ရယ်မော ရမယ့် ပွဲ တဲ့..

ဘာလို့လည်း ဆိုတော့ အတိတ် ဘဝ တစ်ခုတုန်း က ခုသေဆုံး သွားကြတဲ့ ဆွေမျိုး ရင်းချာ

၆ ဦးဟာ ချစ်သမီးရဲ့ အိမ်ကို ဓားပြတိုက် မီးရှို့ လူသက် လုပ်ကြတော့ ချစ်သမီးကပဲ စိတ်ဆိုး လွန်းလို့…

ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်စေ့ ရှေ့မှာ အသေဆိုးနဲ့ သေတာကို တပ်အပ် မြင်ရပါစေသား လို့ ဆုတောင်းခဲ့ဖူး သတဲ့…

ခု အဲ့ဒိ ဆုတောင်း ပြည့်ပြီလေ တဲ့…

ပြုသူ အသစ် ဖြစ်သူ အဟောင်း.. ကံမှန်ရင် အကျိုးပေး သန်လွန်း ပါတယ်.. သံသရာဟာ ဉာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး…

ပဋာစာရီ ရူးသွပ်နေချိန် မြတ်ဗုဒ္ဓ နှင့် ဘာ့ကြောင့် ကြုံဆုံခွင့် ရခဲ့ပါသလည်း…?

အတိတ်က တစ်ကြိမ် တစ်ခါ ဝိပဿနာတရား အားထုတ်ခဲ့ ဖူးလို့ပါပဲ…

အဲ့ဒါကြောင့် ဓမ္မမိတ်ဆွေတို့ ကျုပ်တို့တွေ ဟာ ပဋာစာရီ လောက်လည်း အခြေနေ မဆိုးခဲ့ကြပါဘူး…

ကံကောင်းသူများ တရားနာယူခွင့် ရကြသည်… ကံ အလွန် ကောင်းသူများ တရား အားထုတ်ခွင့် ရကြသည်…ကံဆိုးသူများ တရားကို ရှောင်ကြသည်

ဓမ္မမိတ်ဆွေများ ကံ ကောင်းသူလား? ကံ ဆိုးသူလား?

သဗ္ဗေ သတ္တာ ကမ္မသကာ သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား

Crd-Original Post