မိဘမဲ့ ကလေးငယ်တွေကို စောင့်ရှောက်ဖို့ မိဘမဲ့ဂေဟာ ဖွင့်ဖို့ပြင်ဆင်တော့မဲ့ ကိုမိုးမာန်

ပြည်သူတွေကို ကူညီပေးနေတဲ့ ကိုမိုးမာန်က မိဘ မရှိရှာတော့တဲ့ကလေးငယ်တွေကိုလည်း မွေးစားစောင့်ရှောက်ပေးလျက် ရှိပါတယ်။

မကြာခင်ကလည်း မိဘနှစ်ပါးစလုံး မရှိတော့တဲ့ နေပြည်တော်က ကလေးငယ်နှစ်ဦးကိုသွားရောက် ခေါ်ယူမွေးစား စောင့်ရှောက်ခဲ့ပါတယ်။

အခု နောက်ပိုင်းမှာလည်း သူ့ကိုဆက်သွယ်အကူအညီ တောင်းခံမူတွေ များလာတာကြောင့်သူ့အနေနဲ့ မိဘမဲ့ကျောင်းလေးတစ်ကျောင်း ဖွင့်ဖို့စီစဉ်နေပြီလို့ သိရပါတယ်။

ကျွန်တော် မိဘမဲ့ကျောင်းလေးဖွင့်ဖို့ပြင်ဆင်ပါတော့မည်ဗျ ဝန်းရံပေးကြပါနော်။တောင်းဆိုတာပါ ကျွန်တော့်မှာ ၇ ရက်သားသမီးရဲ့အင်အားပဲရှိပါတယ် လို့ကိုမိုးမာန်က လူမူကွန်ယက်မှာ ရေးသားထားပါတယ်။

Crd-Original Post

(ZAWGYI)




