PDF တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုပုံရိပ်ကို ၇ လအကြာမှာခမ်းခမ်းနားနား ထုတ်ပြလာ

PDF တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုပုံရိပ်ကို ၇ လအကြာမှာခမ်းခမ်းနားနား ထုတ်ပြလာ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်လှုပ်ရှားမှုတွေကို ၇ လကျော်အကြာမှာ ပထမဆုံးအကြိမ် ထုတ်ပြခဲ့ပါသည်။

အဖိနှိပ်ခံ လူတန်းစားလွတ်မြောက်ရေး ကြိုးပမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်လှုပ်ရှားမှု့တွေကို မနေ့က ပထမဆုံးအကြိမ်အဖြစ်နဲ့ ထုတ်ပြခဲ့ပါသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို မတ်လ ၁၅ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် တပ်လှုပ်ရှားမှု ဓာတ်ပုံတွေ၊ မှတ်တမ်းဗီဒီယိုတွေကိုတော့ ၇ လကျော်အကြာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လူထုသိဖို့ ထုတ်ပြန်လာတာဖြစ်ပါသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် အပြီးတိုင် တိုက်ခိုက်ရှင်းလင်းဖို့နဲ့ အဖိနှိပ်ခံ လူထုလူတန်းစားရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားလုပ်ကိုင်ဖို့ အခုလို တပ်မတော်ဖွဲ့စည်းခဲ့တာဖြစ်တဲ့အကြောင်း ဩဂုတ်လထဲမှာ ကြေညာခဲ့ပါသည်။

Crd-Original Post

(ZAWGYI)






Crd-Original Post