ချစ်ရတဲ့ ကလေးတွေ သူမကို ပူဆာလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် အံ့အားသင့်ပြီး ဖြည့်ဆည်းပေးခဲ့ရကြောင်းကို ပီတိဖြစ်စွာပြောပြလာတဲ့ ခိုင်နှင်းဝေ

ချစ်ရတဲ့ ကလေးတွေ သူမကို ပူဆာလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့် အံ့အားသင့်ပြီး ဖြည့်ဆည်းပေးခဲ့ရကြောင်းကို ပီတိဖြစ်စွာပြောပြလာတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်း‌ဝေဟာ လတ်တလောပြည်သူတွေကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ အခြားသော ပရဟိတ အလုပ်တွေကို စိတ်အားတက်ကြွစွာနဲ့ပါဝင် ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်းဦးစီးကာ

ရင်ခွင်မဲ့ ကလေးလေးတွေအတွက် မိဘပမာ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့ ခိုင်နှင်းဝေရဲ့ ဂေဟာလေးက

နွေးထွေးလုံခြုံနေခဲ့ပါတယ် ။အခုလည်း သူမရဲ့လက်ကို ဆွဲကာ အပြင်သွားမယ်ဆိုပြီး ပူဆာနေတဲ့ သားတွေ သမီးတွေကြောင့် ပီတိဖြစ်နေကြောင်းကို ဝေမျှလာပါတယ် ။

မေမေခိုင်နှင်းဝေရဲ့ လက်ကို ဆွဲပြီး ပူဆာနေကြတဲ့ ပုံရိပ်လေးတွေက တကယ်ကို ချစ်စရာကောင်းလွန်းတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)







Yuan – Cele Zone

Photo – Khine Hnin Wai