မိခင်ကြီးနဲ့ (၇)ရက်သားသမီးတွေကို အမှူးထားပြီး လမ်းခင်းအလှူလေး လှူဒါန်းခဲ့တဲ့ နေဒွေး

မိခင်ကြီးနဲ့ (၇)ရက်သားသမီးတွေကို အမှူးထားပြီး လမ်းခင်းအလှူလေး လှူဒါန်းခဲ့တဲ့ နေဒွေး

ပရိတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နေဒွေးကတော့ ဒီနေ့ အောက်တိုဘာလ (၂၄)ရက်နေ့လေးမှာ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

နေဒွေးကတော့ အလှူအတန်းတွေကို အလှူရေသက်လက်နဲ့မကွာဆိုသလိုကို အခါအခွင့်သင့်တိုင်း ပြုလုပ်လှူဒါန်းလေ့ရှိတဲ့ သူတစ်ယောက်ပါ။

ဒီနေ့မှာလည်း နေဒွေးက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ပညာပါရဂူကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်ကေဝလ ဦးစီးတည်ဆောက်နေသော ကျောင်းဆောင်သစ် လမ်းခင်းဖို့အတွက် အလှူငွေတွေလှူဒါန်းပေးခဲ့တာပါပဲဖြစ်ပါတယ်။

အလှူလေးကိုတော့ နေဒွေးရဲ့ သူ့ရဲ့မိခင်ကြီးနဲ့ (၇)ရက်သားသမီးတွေကို အမှူးထားကာလှူဒါန်းခဲ့တာဖြစ်ပြီးလင်းခင်းဖို့အတွက် စုစုပေါင်းအလှူငွေ (၅)သိန်းတိတိကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုကြဖို့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးတွေကလည်း အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Nay Dway

(ZAWGYI)








Source – Nay Dway