မကွေးမြို့တွင် အသစ်တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၃၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး သြဂုတ် ၁၄ ရက်နေ့တွင် စတင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

COVID-19 ရောဂါ တတိယလှိုင်းကာလတွင် မကွေးတိုင်းဒေသကြီးအတွင်း ရောဂါပိုးကူးစက်ခံရသူ များပြားခဲ့ကြောင်း၊ ရောဂါခံစားရသူများအနက် အောက်ဆီဂျင် လိုအပ်သည့် လူနာအရေအတွက်များပြားမှုကြောင့် အောက်ဆီဂျင်ပြတ်လပ်မှုများ ကြုံတွေ့လျက်ရှိကြောင်း ၊

ထို့ကြောင့် မကွေးမြို့ကုန်တင်ကုန်ချ ယာဉ်ရပ်နား စခန်းဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိပြီး အမြန်ဆုံးထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း သြဂုတ် ၁၁ ရက်နေ့ တစ်နေ့တည်း COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေ ၃၄ ဦးရှိခဲ့ပြီး COVID-19 ရောဂါ တတိယလှိုင်းအတွင်း ယင်းရောဂါကြောင့် သေဆုံးသူပေါင်း ၆၂၆ ဦးရှိခဲ့ကြောင်း သိရသည်။

Eleven