ပရိသတ်တစ်ယောက်ဆီကနေရရှိခဲ့တဲ့ လက်ဆောင်လေးကြောင့် မျက်ရည်ကျတဲ့အထိဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ သီရတီ

ပရိသတ်တစ်ယောက်ဆီကနေရရှိခဲ့တဲ့ လက်ဆောင်လေးကြောင့် မျက်ရည်ကျတဲ့အထိဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ သီရတီ

ပရိသတ်ကြီးရေ သီရတီကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။

သီရတီကိုယ်တိုင်ကလည်း သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ရင်ရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတတ်ပြီး မာန်မာနမရှိတဲ့ သူတစ်ယောက်ပါ။ဒီနေ့မှာလည်း သီရတီက သူ့ရဲ့ပရိသတ်တစ်ယောက်ဆီကနေ

လက်ဆောင်လေးတစ်ခုကိုလက်ဆောင်ရရှိခဲ့ပြီး ရရှိခဲ့တဲ့ လက်ဆောင်လေးကို သဘောကျလွန်းတာကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့ရကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

လက်ဆောင်လေးကတော့ သီရတီနဲ့ သူ့ရဲ့မိခင်ကြီးတို့ရဲ့ ပုံလေးကို ပုံတူခဲပန်းချီဆွဲထားတဲ့ ပန်းချီကားချပ်လေးပဲဖြစ်ပါတယ်။

မိခင်ကြီးကို ချစ်တဲ့ သီရတီအတွက်တော့ အခုလို မိခင်ကြီးနဲ့ သူရဲ့ပုံတူပန်းချီးလေးကို မထင်မှတ်ဘဲ လက်ဆောင်ရလိုက်တာဆိုတော့ မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက်စရာပါပဲနော်။

သီရတီကိုယ်တိုင်ကလည်း ဒီပန်းချီကားလေးကို တော်တော်လေးသဘောကျနေခဲ့တာပါ။

Source – Thi Ra Tee

(ZAWGYI)







 


Source – Thi Ra Tee