“လွတ်မြောက်နယ်မြေရောက် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ပြည်သူချစ် မင်းသမီး မြနှင်းရည်လွင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ

လွတ်မြောက်နယ်မြေရောက် ကိုဗစ်ရောဂါ ကူးစက်ခံထားရတဲ့ ပြည်သူချစ် မင်းသမီး မြနှင်းရည်လွင်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ

လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ပြည်သူ့မင်းသမီး မြနှင်းရည်လွင်ဟာဆိုရင် မကြာသေးမီက ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ My Day မြာ တင်ထားပါတယ်။

သူမဟာ အခက်အခဲတွေ အများကြီး ကြားထဲကနေ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ အခုလို လူတိုင်းမလုပ်နိုင်တဲ့ အရာတစ္ခုကို ရဲရဲဝင့်ဝင့်လုပ်ပြနိုင်တဲ့ သူတစ်ယောက်ပါ။ တောထဲကို စတင်ရောက်ရှိစဉ်အခါကလည်း မြို့ပေါ်မှာ

နေတဲ့သူတစ်ယော က်ဖြစ်တာကြောင့် တောခြင်ရိုင်းတွေရဲ့ ဒဏ်ကိုခံခဲ့ရပါသေးတယ်။အခုတစ်ခေါက်မှာလည်း တောထဲတောင်ထဲမှာနေရင်း ကိုဗစ်ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း ပြည်သူ့မင်းသမီး ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးတိုက်ထုတ်နိုင်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေး ထားကြပါတယ်။

ဒါ့အပြင် သူမဟာ သီတင်းကျွတ်အခါသမယမှာ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ကျန်းမာပျော်ရွှင် ၊ ဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးရင်း ပြည်သူများအားလုံးကို ရင်ထဲကနေလွမ်းပါတယ်လို့ ပြောထားပါသေးတယ်။

Crd-Original Post