ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ Facebook လူမှုကွန်ရက်ပေါ်တွင် NUGကို ထောက်ခံသည့် ပရိုဖိုင် ထားရှိမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ညွှန်ကြား

ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ Facebook လူမှုကွန်ရက်ပေါ်တွင် NUGကို ထောက်ခံသည့် ပရိုဖိုင် ထားရှိမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ညွှန်ကြား

ဧရာဝတီတိုင်းမ်
သြဂုတ် ၁၃ ရက်

Accept NUG Reject Military Profile များ ရဲ တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏မိသားစုဝင်များ ထားရှိမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်စိစစ်သွားရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာန ရဲတပ်ဖွဲ့ဌာနချုပ်ရုံး၏ ညွှန်ကြားချက်အရ သိရသည်။

အဆိုပါ Profileများ ချိန်း၍ ဖေ့ဘွတ်လူမှုကွန်ယက်အသုံးပြုသူများတွင် ယူနီဖောင်းနှင့် ရဲ တပ် ဖွဲ့ဝင်များပါဝင်နေကြောင်း တွေ့ရှိခဲ့၍ များပြာမလာစေရန် ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

” ရဲတွေထဲမှာလည်း ချိန်းတဲ့သူတွေရှိမှာပေါ့။ ပိုများမလာအောင်ကြိုပြီးကာတဲ့သဘောနေမှာပါ။ နောက်ပြီး တပ်ကလည်း ဒီ Profileတွေကို အ ကြမ်းဖက်တိုက်ဖျက်ရေးနဲ့ စွဲဖို့လုပ်နေတော့ တပ် ဖွဲ့ဝင်တွေနဲ့မိသားစုတွေပါမှာစိုးလို့ စာထုတ်ပြီး ညွှန်ကြားတဲ့သဘောပေါ့” ဟု

နေပြည်တော် ရဲ တပ်ဖွဲ့အတွင်းတာဝန်ထမ်းဆောင်နေသူ တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်မ်းသို့ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ Profileထားရှိ အသုံးပြုနေသော သရုပ် ဆောင် ဒေါင်း၊ မြနှင်းရည်လွင်၊ ကျော်ထက်အောင်၊ အေးမြတ်သူတို့အပါအဝင် နာမည်ကြီးအနုပညာရှင် ၆၃ ဦးအားအကြမ်းဖက်တိုက်ဖျက် ရေးဥပဒေဖြင့် တရားစွဲဆိုအရေးယူဆောင် ရွက်ရန်ပြင်ဆင်နေကြောင်း သိရသည်။

#Ayeyarwaddy_Times