သူချက်တဲ့ ဟင်းလျာတိုင်းကို မြိန်ရေယှက်ရည်စားသောက်နေကြတဲ့ PDF ရဲဘော်လေးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ကိုပေါက်

သူချက်တဲ့ ဟင်းလျာတိုင်းကို မြိန်ရေယှက်ရည်စားသောက်နေကြတဲ့ PDF ရဲဘော်လေးတွေကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ကိုပေါက်

ရုပ်ရှင်သရုပ်ဆောင်လောကမှာသာ မက ဒါရိုက်တာအဖြစ်ကူးပြောင်းချိန်မှာလည်း ပရိသတ်အခိုင်အမာရဲ့အားပေးမှုကိုရထားကတော့ ကိုပေါက်ပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရုပ်ရှင်လောကမှာအောင်မြင်ခဲ့သူအဖြစ်ရပ်တည်ပြီးနောက် ဒါရိုက်တာလောကကိုခြေလှမ်းလာခဲ့တာပါ။

သူရိုက်ကူးထားတဲ့ကားတွေလည်းရှိပြီး ပရိသတ်အားပေးမှုလည်း အထိုက်အလျောက်ရရှိထားတာပါ။ဖေဖော်ဝါရီလ(၁)ရက်နေ့အာဏာသိမ်းအပြီးမှာတော့ သူ့ရဲ့အိမ်မက်တွေနဲ့ဝေးကွာခဲ့ပါတယ်။

ဒါကြောင့် အာဏာရှင်တွေကို ဆန့်ကျင် ဆန္ဒပြီး ဖမ်းဝရမ်းထုတ်ခံရကာ ခုမှာ လွတ်မြောက်နယ်မြေမှာ ပုန်းရှောင်နေကတာပါ။ပင်ပန်းခက်ခဲတာတွေရှိပေမယ့်လည်း အကောင်းဆုံးကြံ့ကြံ့ခံပြီး တော်လှန်နေတာပါ။

သူရဲ့တောတွင့်အတွေ့အကြုံလေးတွေကိုလည်း လူမှုကွန်ရက်ကနေတင်ပေးလေ့ရှိတာပါ။ခုမှာလည်း ဟင်းချက်နေရင်း“သီချင်းဆိုရင်း ထမင်းချက်တော့ ဟင်းရဲ့အရသာလေး ချိုနေရောပေါ့။

ကိုကိုမင်းရဲ့မွေးနေ့အလှူ ဝက်သားကို လဖက်နဲ့ချက်ကျွေးလိုက်တော့ ကလေးတွေ လျှာလည်လို့ကောင်းမှကောင်းပဲ ဦးပေါက်ရေတဲ့။

(ဝက်လဖက်)ကောင်းမှာပေါ့ ကိုယ်ချက်တဲ့ဟင်းအိုးတိုင်းမှာမေတ္တာတွေ ချစ်ခြင်းတရားတွေ တန်းတူညီမျှခြင်းတွေကိုယ်ချင်းစာတရားတွေထည့်ချက်ထားလို့အရသာရှိနေတာပါ ညီ/ညီမလေးတို့ရေ“ဆိုပြီး ရေးသားထားတာပါ။

ပရိသတ်တွေလည်း တောထဲကနေ မာကျောတဲ့စိတ်ဓာတ်တွေနဲ့တော်လှန်နေတဲ့ ကိုပေါက်ကိုလည်းအားပေးစကားလေးတွေပြောသွားကြပါဦးနော်။

Crd-M.M.H

(ZAWGYI)

သူခ်က္တဲ့ ဟင္းလ်ာတိုင္းကို ၿမိန္ေရယွက္ရည္စားေသာက္ေနၾကတဲ့ PDF ရဲေဘာ္ေလးေတြကို ၾကည့္ၿပီး ၾကည္ႏူးပီတိျဖစ္ခဲ့ရတဲ့ ကိုေပါက္

႐ုပ္ရွင္သ႐ုပ္ေဆာင္ေလာကမွာသာ မက ဒါ႐ိုက္တာအျဖစ္ကူးေျပာင္းခ်ိန္မွာလည္း ပရိသတ္အခိုင္အမာရဲ႕အားေပးမႈကိုရထားကေတာ့ ကိုေပါက္ပဲျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ႐ုပ္ရွင္ေလာကမွာေအာင္ျမင္ခဲ့သူအျဖစ္ရပ္တည္ၿပီးေနာက္ ဒါ႐ိုက္တာေလာကကိုေျခလွမ္းလာခဲ့တာပါ။

သူ႐ိုက္ကူးထားတဲ့ကားေတြလည္းရွိၿပီး ပရိသတ္အားေပးမႈလည္း အထိုက္အေလ်ာက္ရရွိထားတာပါ။ေဖေဖာ္ဝါရီလ(၁)ရက္ေန႔အာဏာသိမ္းအၿပီးမွာေတာ့ သူ႔ရဲ႕အိမ္မက္ေတြနဲ႔ေဝးကြာခဲ့ပါတယ္။

ဒါေၾကာင့္ အာဏာရွင္ေတြကို ဆန႔္က်င္ ဆႏၵၿပီး ဖမ္းဝရမ္းထုတ္ခံရကာ ခုမွာ လြတ္ေျမာက္နယ္ေျမမွာ ပုန္းေရွာင္ေနကတာပါ။ပင္ပန္းခက္ခဲတာေတြရွိေပမယ့္လည္း အေကာင္းဆုံးႀကံ့ႀကံ့ခံၿပီး ေတာ္လွန္ေနတာပါ။

သူရဲ႕ေတာတြင့္အေတြ႕အႀကဳံေလးေတြကိုလည္း လူမႈကြန္ရက္ကေနတင္ေပးေလ့ရွိတာပါ။ခုမွာလည္း ဟင္းခ်က္ေနရင္း“သီခ်င္းဆိုရင္း ထမင္းခ်က္ေတာ့ ဟင္းရဲ႕အရသာေလး ခ်ိဳေနေရာေပါ့။

ကိုကိုမင္းရဲ႕ေမြးေန႔အလႉ ဝက္သားကို လဖက္နဲ႔ခ်က္ေကြၽးလိုက္ေတာ့ ကေလးေတြ လွ်ာလည္လို႔ေကာင္းမွေကာင္းပဲ ဦးေပါက္ေရတဲ့။

(ဝက္လဖက္)ေကာင္းမွာေပါ့ ကိုယ္ခ်က္တဲ့ဟင္းအိုးတိုင္းမွာေမတၱာေတြ ခ်စ္ျခင္းတရားေတြ တန္းတူညီမွ်ျခင္းေတြကိုယ္ခ်င္းစာတရားေတြထည့္ခ်က္ထားလို႔အရသာရွိေနတာပါ ညီ/ညီမေလးတို႔ေရ“ဆိုၿပီး ေရးသားထားတာပါ။

ပရိသတ္ေတြလည္း ေတာထဲကေန မာေက်ာတဲ့စိတ္ဓာတ္ေတြနဲ႔ေတာ္လွန္ေနတဲ့ ကိုေပါက္ကိုလည္းအားေပးစကားေလးေတြေျပာသြားၾကပါဦးေနာ္။

Crd-M.M.H