အိမ်ခြေ (၁၅၀)စာအတွက် စားသောက်ကုန်တွေနဲ့ အလှူငွေတွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

အိမ်ခြေ (၁၅၀)စာအတွက် စားသောက်ကုန်တွေနဲ့ အလှူငွေတွေ ထပ်မံလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးကြီးခိုင်နှင်းဝေကတော့ ဒီနေ့အောက်တိုဘာလ(၂၃)ရက်နေ့မှာလည်း စားသောက်ကုန်တွေလှူဒါန်းတဲ့အလှူလေးကိုပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေက အခုလို ကပ်ဘေးကာလတွေမှာ ပြည်သူတွေစားဝတ်နေရေးပြေလည်စေဖို့ရည်ရွယ်ပြီး စားသောက်ကုန်တွေ အမြဲတမ်းလိုလို လှူဒါန်းပေးနေခဲ့တာပါ။

ဒီနေ့အောက်တိုဘာလ(၂၃)ရက်နေ့မှာလည်း ခိုင်နှင်းဝေက တစ်အိမ်ထောင်ကို ဆန်၊ဆီ၊ကြာဇံ၊ငံပြာရည်၊ ရွှေဖရုံသီး၊ကြက်သွန် စတဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ အလှူငွေ (၄)ထောင်စီကို လှူဒါန်းပေးခဲ့ပြန်တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့မှာ စုစုပေါင်း အိမ်ခြေ (၁၅၀)စာအတွက်ကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်တဲ့။ခိုင်နှင်းဝေကတော့ အခုလို သူ့ရဲ့ကာလဒါနအလှူလေးကို ပြုလုပ်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ

အလှူပုံရိပ်လေးတွေနဲ့မျှဝေထားခဲ့ပြီး အလှူလေးကို မြင်တွေ့ကြားတဲ့ ပရိသတ်တွေလည်း သာဓု ခေါ်ဆိုပေးကြဖို့ မျှဝေထားခဲ့ပါတယ်။

ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai