မိသားစု ဘဝလေး တည်ဆောက်လာတာ (၁၃)နှစ်ပြည့်လေးမှာ ပရိသတ်တွေ မမြင်ဘူးသေးတဲ့ တစ်ချိန်က ပုံလေးတွေနဲ့ အမှတ်တရ စကားလေးဆိုလာတဲ့ ဟဲလေး

မိသားစု ဘဝလေး တည်ဆောက်လာတာ (၁၃)နှစ်ပြည့်လေးမှာ ပရိသတ်တွေ မမြင်ဘူးသေးတဲ့ တစ်ချိန်က ပုံလေးတွေနဲ့ အမှတ်တရ စကားလေးဆိုလာတဲ့ ဟဲလေး

နိုင်ငံကျော် တေးသံရှင်ကောင်း တစ်ယောက်ဖြစ်တဲ့ ဟဲလေးကတော့ လက်ရှိမှာလည်း ဂီတလောကမှာ နေရာ တစ်နေရာကနေ ရပ်တည်နေပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဟဲလေးရဲ့ အရင်တုန်းက သီချင်းလေးတွေကလည်း ယနေ့အချိန် ရေပန်းစားနေဆဲဖြစ်ပါတယ်နော်။

ဟဲလေးရဲ့ အနုပညာသက်တမ်းကလည်း ကြာမြင့်နေပြီဖြစ်သလို ပရိသတ်အခိုင်အမာကိုရရှိထားကာ လက်ရှိမှာလည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားဆဲပဲဖြစ်ပါတယ်။

ဒါ့အပြင် အေးချမ်းသာယာတဲ့ မိသားစု လေးကိုလည်း ပိုင်ဆိုင်ထားကာ ရိုးရှင်းတဲ့ ဘဝလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူဖြစ်ပါတယ် ။

အခုလည်း အေးချမ်းစွာနဲ့ ချစ်ချစ်ခင်ခင် တည်ဆောက်လာတဲ့ ပျော်ရွှင်စရာ မိသားစု ဘဝလေး (၁၃) နှစ်ပြည့်လေးမှာ အမှတ်တရ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ် ။

ပုံလေးတွေနဲ့အတူ ” ဒီလိုနဲ့ပေါ့….မိသားစုဘဝလေး တည်ဆောက်ခဲ့တာ ဒီနေ့…၁၃နှစ်ပြည့်ခဲ့ပြန်တယ်” ရေးသားထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Naing Lin Aung

(ZAWGYI)








Yuan – Cele Zone

Photo – Naing Lin Aung