အမှုပိတ်သိမ်းလိုက်ရင်တောင် မိသားစုဝင်များနှင့်ပြန်လည်ဆုံစည်းနိုင်ခွင့်မရှိတော့တဲ့ သူမရဲ့ အစ်ကိုအကြောင်း စိတ်မကောင်းဖြစ်စွာ ဖွင့်ဟလာခဲ့တဲ့ အဆိုတော်လပြည့်ကဗျာ

အမှုပိတ်သိမ်းလိုက်ရင်တောင် မိသားစုဝင်များနှင့်ပြန်လည်ဆုံစည်းနိုင်ခွင့်မရှိတော့တဲ့ သူမရဲ့ အစ်ကိုအကြောင်း စိတ်မကောင်းဖြစ်စွာ ဖွင့်ဟလာခဲ့တဲ့ အဆိုတော်လပြည့်ကဗျာ

သိပ်မကြာခင်က စစ်ကောင်စီက အနုပညာရှင်အချို့အား တရားစွဲဆိုမှုများရပ်ဆိုင်းကာ အိမ်ပြန်လွှတ်ပေးမည်ဟုဆိုလာသောသတင်းများအပေါ် အဆိုတော် လပြည့်ကဗျာဖြစ်သူက ဝမ်းနည်းတသ ရင်ဖွင့်လာတာကိုတွေ့ရပါတယ်။

သူမအနေနဲ့ အိမ်သို့ပြန်မလာနိုင်တော့တဲ့ သူမအစ်ကို အဆိုတော် ကိုရေမွန် ကို အလွန်လွမ်းဆွတ်သတိရနေကြောင်းကို စာသားအချို့ဖြင့်ဖော်ပြလာခဲ့ပါတယ်။အဆိုတော်ရေမွန်လို့ပြောလိုက်တာနဲ့ မုန်းတဲ့ပရိတ်သတ်တစ်ဦးတစ်လေမှ မရှိတဲ့အထိကို ပရိတ်သတ်ရဲ့

ချစ်ခြင်းမေတ္တာနှင့် အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ကြောင်း အားလုံးကသိကြပါတယ်။သူ ဖန်တီး ထုတ်လုပ်ခဲ့တဲ့ တေးသီချင်းပေါင်းများစွာဟာ ပရိတ်သတ်တိုင်းရဲ့ အားပေးမှုကိုရရှိပြီး အတိုင်းထက်အလွန်ကိုအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ သုံးလကျော်ခန့်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ပရိတ်သတ်များနှင့် အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကပါ နှမြောတသဖြစ်ခဲ့ရပါတယ်။ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုဝင်များဖြစ်ကြတဲ့ မိခင် အဆိုတော်အန်တီခင်မြတ်မွန် နှင့်

ညီမဖြစ်သူ အဆိုတော် လပြည့်ကဗျာအနေနဲ့လည်း ကိုရေမွန်အတွက် နေ့စဉ် နှင့် အမျှ လွမ်းဆွေးကာ နှမြောတသဖြစ်နေရတုန်းပါ။

ယခုလိုမိသားစုတွေပြန်လည်ဆုံစည်းကြတဲ့အချိန်ကာလမှာ ညီမလေးဖြစ်သူ လပြည့်ကဗျာက အစ်ကိုကိုလွမ်းဆွတ်သတိရပေမယ့် သူမအစ်ကိုဖြစ်သူဟာ လွတ်မြောက်အေးချမ်းနေတဲ့နေရာတစ်ခုကိုရောက်ရှိနေပြီးသားမို့ ပြန်လာဖို့မလိုတော့ပါဘူးလို့လည်း

သူမရဲ့ခံစားချက်တွေကို ထုတ်ဖော်ရေးသားလာတာကိုတွေ့ရမှာဖြစ်ပါတယ်။

Credit mm load

(ZAWGYI)

အမႈပိတ္သိမ္းလိုက္ရင္ေတာင္ မိသားစုဝင္မ်ားႏွင့္ျပန္လည္ဆုံစည္းႏိုင္ခြင့္မရွိေတာ့တဲ့ သူမရဲ႕ အစ္ကိုအေၾကာင္း စိတ္မေကာင္းျဖစ္စြာ ဖြင့္ဟလာခဲ့တဲ့ အဆိုေတာ္လျပည့္ကဗ်ာ

သိပ္မၾကာခင္က စစ္ေကာင္စီက အႏုပညာရွင္အခ်ိဳ႕အား တရားစြဲဆိုမႈမ်ားရပ္ဆိုင္းကာ အိမ္ျပန္လႊတ္ေပးမည္ဟုဆိုလာေသာသတင္းမ်ားအေပၚ အဆိုေတာ္ လျပည့္ကဗ်ာျဖစ္သူက ဝမ္းနည္းတသ ရင္ဖြင့္လာတာကိုေတြ႕ရပါတယ္။

သူမအေနနဲ႔ အိမ္သို႔ျပန္မလာႏိုင္ေတာ့တဲ့ သူမအစ္ကို အဆိုေတာ္ ကိုေရမြန္ ကို အလြန္လြမ္းဆြတ္သတိရေနေၾကာင္းကို စာသားအခ်ိဳ႕ျဖင့္ေဖာ္ျပလာခဲ့ပါတယ္။

အဆိုေတာ္ေရမြန္လို႔ေျပာလိုက္တာနဲ႔ မုန္းတဲ့ပရိတ္သတ္တစ္ဦးတစ္ေလမွ မရွိတဲ့အထိကို ပရိတ္သတ္ရဲ႕ ခ်စ္ျခင္းေမတၱာႏွင့္ အားေပးမႈကို အျပည့္အဝရရွိထားတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ေၾကာင္း အားလုံးကသိၾကပါတယ္။

သူ ဖန္တီး ထုတ္လုပ္ခဲ့တဲ့ ေတးသီခ်င္းေပါင္းမ်ားစြာဟာ ပရိတ္သတ္တိုင္းရဲ႕ အားေပးမႈကိုရရွိၿပီး အတိုင္းထက္အလြန္ကိုေအာင္ျမင္ခဲ့တာပဲျဖစ္ပါတယ္။ သူဟာ လြန္ခဲ့တဲ့ သုံးလေက်ာ္ခန႔္က ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

သူ႔ကို ဆုံးရႈံးလိုက္ရတဲ့အတြက္ ပရိတ္သတ္မ်ားႏွင့္ အႏုပညာအသိုင္းအဝိုင္းတစ္ခုလုံးကပါ ႏွေျမာတသျဖစ္ခဲ့ရပါတယ္။

က်န္ရစ္ခဲ့တဲ့ သူ႔မိသားစုဝင္မ်ားျဖစ္ၾကတဲ့ မိခင္ အဆိုေတာ္အန္တီခင္ျမတ္မြန္ ႏွင့္ ညီမျဖစ္သူ အဆိုေတာ္ လျပည့္ကဗ်ာအေနနဲ႔လည္း ကိုေရမြန္အတြက္ ေန႔စဥ္ ႏွင့္ အမွ် လြမ္းေဆြးကာ ႏွေျမာတသျဖစ္ေနရတုန္းပါ။

ယခုလိုမိသားစုေတြျပန္လည္ဆုံစည္းၾကတဲ့အခ်ိန္ကာလမွာ ညီမေလးျဖစ္သူ လျပည့္ကဗ်ာက အစ္ကိုကိုလြမ္းဆြတ္သတိရေပမယ့္ သူမအစ္ကိုျဖစ္သူဟာ လြတ္ေျမာက္ေအးခ်မ္းေနတဲ့ေနရာတစ္ခုကိုေရာက္ရွိေနၿပီးသားမို႔ ျပန္လာဖို႔မလိုေတာ့ပါဘူးလို႔လည္း သူမရဲ႕ခံစားခ်က္ေတြကို ထုတ္ေဖာ္ေရးသားလာတာကိုေတြ႕ရမွာျဖစ္ပါတယ္။

Credit mm load