တစ်လဆိုတဲ့ အရွယ်လေးနဲ့ မလိုက်အောင် အနာတွေပေါက်နေရှာတဲ့ ကလေးငယ်လေးရဲ့ အဖြစ်ကို ပြောပြရင်း ကူညီမှုတွေ ပေးခဲ့တဲ့ ဝေဠုကျော်
တစ်လဆိုတဲ့ အရွယ်လေးနဲ့ မလိုက်အောင် အနာတွေပေါက်နေရှာတဲ့ ကလေးငယ်လေးရဲ့ အဖြစ်ကို ပြောပြရင်း ကူညီမှုတွေ ပေးခဲ့တဲ့ ဝေဠုကျော်
ပရဟိတ မင်းသားကြီး ဝေဠုကျော်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပြီး အဖွဲ့သားများနဲ့အတူ လိုအပ်တဲ့ နေရာများကို ကိုယ်တိုင် သွားရောက် လေ့လာကာ ကူညီလှူဒါန်းပေးနေတာတွေကို မြင်တွေ့ရတာလည်း ကြည်နူးစရာ ကောင်းလွန်းလှပါတယ်နော်။
အခုလည်း ပဲခူးက လသားအရွယ်ကလေးငယ်လေးရဲ့ ခံစားနေရတဲ့ ရောဂါဝေဒနာ အကြောင်းကို စိတ်မကောင်းစွာ ပြောပြရင်း ကူညီမှုတွေ ပေးခဲ့ပါတယ် ။ ”
Babyအေးအေးခိုင် ပဲခူးကပါ တစ်လသားလေးပဲ ရှိပါသေးတယ်။ ခါးမှာ အဖုအနာမွေးရာပါ ပါလာတာပါ။ အနာက ပိုးဝင်ပြီး တက်နေလို့ ဆေးရုံရောက်လာတာ၁၅ရက်ကျော်ပါပြီ။ ဝေဒနါကတော့ ပြင်းထန်လို့ ကုနေဆဲပါ။
ဆေးစစ်သွေးစစ် မတတ်နိူင်တော့လို့ အကူအညီတောင်း လာပါတယ်။ ဒီနေ့ အလှူငွေ ၅သောင်းကျပ် သွားလှူပေးခဲ့ပါတယ်။
စေတနာအလှူရှင်မှာ ကွယ်လွန်သူ(ဒေါ်ခင်မကြီး)၃လပြည့် အတွက် ရည်စူးကုသိုလ် ဖြစ်ပါတယ်။” ဆိုပြီး ပုံလေးတွေနဲ့ အတူ ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Wai Lu Kyaw
(ZAWGYI)
Yuan – Cele Zone
Photo – Wai Lu Kyaw