အာဆီယံအစည်းအဝေးကိုခွင့်မပြုသော်လည်း တတ်ရောက်ခွင့်ရနိူင်ရန် စောဒကတတ်နေ

အာဆီယံအစည်းအဝေးကိုခွင့်မပြုသော်လည်း တတ်ရောက်ခွင့်ရနိူင်ရန် စောဒကတတ်နေ

အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံ၏အကြီးအကဲ တယောက်အနေဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ရမည့် အခွင့်အရေး အပြည့်အဝ ရပိုင်ခွင့်ရှိကြောင်း၊ အာဆီယံနိုင်ငံများက မေးခွန်းထုတ်လာပါက ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း

စစ်ကောင်စီက ယနေ့ညတွင် ထပ်မံထုတ်ပြန်လာသည်။

အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကို အစည်းအဝေးများ တက်ရောက်ရန် ဖိတ်ကြားခြင်းသည် ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသည့်အတွက် လိုက်နာဆောင်ရွက်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။

အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကို ဖိတ်ကြားရန် သဘောတူညီချက် မရရှိသကဲ့သို့ မဖိတ်ကြားရန်လည်း တူညီဆန္ဒမရရှိခဲ့သည့်တိုင် အစည်းအဝေးအပြီး ကြေညာချက်တွင် အစည်းအဝေး တက်ရောက်ခွင့် မပြုဟု ဖော်ပြခဲ့မှုသည် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်နှင့်

မကိုက်ညီကြောင်း စစ်ကောင်စီက တုန့်ပြန်သည်။

အာဆီယံပဋိညာဉ်၊ ပုဒ်မ ၂၀ (၁)အရ ဆုံးဖြတ်ချက်များကို တူညီဆန္ဒဖြင့်သာ ချမှတ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ဆုံးဖြတ်ခဲ့မှုသည် အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများအား အကြောင်းပြုပြီး အောက်တိုဘာ ၂၆ မှ ၂၈ ရက်ထိ ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို

တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးဆုံးဖြတ်ချက်သည် ပြည်ပမှ ဝင်ရောက်စွက်ဖက်နေခြင်း ဖြစ်သည့်အတွက် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်ကို ထပ်မံ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပြဋ္ဌာန်းချက်ပါ အချက်များ၊ မူများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး၊ မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို

လက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

(ZAWGYI)

အာဆီယံအစည္းအေဝးကိုခြင့္မျပဳေသာ္လည္း တတ္ေရာက္ခြင့္ရႏိူင္ရန္ ေစာဒကတတ္ေန

အာဆီယံ ပဋိညာဥ္စာတမ္းအရ အာဆီယံထိပ္သီးအစည္းအေဝးကို ႏိုင္ငံ၏အႀကီးအကဲ တေယာက္အေနျဖင့္ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တက္ေရာက္ရမည့္ အခြင့္အေရး အျပည့္အဝ ရပိုင္ခြင့္ရွိေၾကာင္း၊ အာဆီယံႏိုင္ငံမ်ားက ေမးခြန္းထုတ္လာပါက ျပ႒ာန္းခ်က္မ်ားႏွင့္အညီ တိက်စြာ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စစ္ေကာင္စီက ယေန႔ညတြင္ ထပ္မံထုတ္ျပန္လာသည္။

အာဆီယံထိပ္သီး အစည္းအေဝးႏွင့္ ဆက္စပ္ အစည္းအေဝးမ်ားသို႔ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အစား ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးအရ ကိုယ္စားမျပဳသူကို အစည္းအေဝးမ်ား တက္ေရာက္ရန္ ဖိတ္ၾကားျခင္းသည္ ျပ႒ာန္းခ်က္မ်ားႏွင့္ မကိုက္ညီသည့္အတြက္ လိုက္နာေဆာင္႐ြက္ရန္ ခက္ခဲသည္ဟုလည္း ဆိုသည္။

အာဆီယံထိပ္သီး အစည္းအေဝးတြင္ ျမန္မာႏိုင္ငံ၏ ကိုယ္စားျပဳအျဖစ္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ကို ဖိတ္ၾကားရန္ သေဘာတူညီခ်က္ မရရွိသကဲ့သို႔ မဖိတ္ၾကားရန္လည္း တူညီဆႏၵမရရွိခဲ့သည့္တိုင္ အစည္းအေဝးအၿပီး ေၾကညာခ်က္တြင္ အစည္းအေဝး တက္ေရာက္ခြင့္ မျပဳဟု ေဖာ္ျပခဲ့မႈသည္ အာဆီယံပဋိညာဥ္ပါ ျပ႒ာန္းခ်က္ႏွင့္ မကိုက္ညီေၾကာင္း စစ္ေကာင္စီက တုန႔္ျပန္သည္။

အာဆီယံပဋိညာဥ္၊ ပုဒ္မ ၂၀ (၁)အရ ဆုံးျဖတ္ခ်က္မ်ားကို တူညီဆႏၵျဖင့္သာ ခ်မွတ္ရမည္ျဖစ္ၿပီး ယခုကဲ့သို႔ ဆုံးျဖတ္ခဲ့မႈသည္ အာဆီယံ ပဋိညာဥ္ကို ခ်ိဳးေဖာက္ျခင္း ျဖစ္သည္ဟုလည္း ေျပာဆိုသည္။

ေအာက္တိုဘာ ၁၅ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ အေရးေပၚအစည္းအေဝးတြင္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရး ကိစၥမ်ားအား အေၾကာင္းျပဳၿပီး ေအာက္တိုဘာ ၂၆ မွ ၂၈ ရက္ထိ က်င္းပျပဳလုပ္မည့္ အာဆီယံထိပ္သီး အစည္းအေဝးကို အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို တက္ေရာက္ခြင့္မျပဳရန္ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေဆြးေႏြးဆုံးျဖတ္ခ်က္သည္ ျပည္ပမွ ဝင္ေရာက္စြက္ဖက္ေနျခင္း ျဖစ္သည့္အတြက္ အာဆီယံပဋိညာဥ္စာတမ္းပါ ျပ႒ာန္းခ်က္ကို ထပ္မံ ခ်ိဳးေဖာက္ေနျခင္း ျဖစ္ေၾကာင္း၊ ၎တို႔အေနျဖင့္ အာဆီယံပဋိညာဥ္ စာတမ္းျပ႒ာန္းခ်က္ပါ အခ်က္မ်ား၊ မူမ်ား၊ ဦးတည္ခ်က္မ်ားႏွင့္ ဆန႔္က်င္ၿပီး၊ မွ်တမႈမရွိ မူေဘာင္ေက်ာ္လြန္ေဆာင္႐ြက္မႈမ်ားကို လက္ခံႏိုင္ျခင္း မရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

#WhatsHappeningInMyanmar
#RejectMilitaryCoup