ရန်ကုန်မြို့လယ် ဘဏ်ဓားပြတိုက်ခံရမှု သိန်း ၃၀၀၀ ကျော်ပါသွားဟုဆို

ရန်ကုန်မြို့လယ် ဘဏ်ဓားပြတိုက်ခံရမှု သိန်း ၃၀၀၀ ကျော်ပါသွားဟုဆို

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားက Urban Asia Center အဆောက်အအုံရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့ အောက်တိုဘာ ၂၂ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်က ဓားပြတိုက်ခံရရာ ကျပ်သိန်း၃၀၀၀ ကျော် ပါသွားကြောင်း ဘဏ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

လက်နက်ကိုင်ဆောင်ထားသူ ငါးဦးက ဘဏ်အတွင်းသို့ ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်ကောင်တာအတွင်းမှ ကျပ် ၁၀,၀၀၀ တန် ၁၁,၈၉၁ ရွက် (၁၁၈,၉၁၀,၀၀၀ ကျပ်) နှင့် ကျပ် ၅၀၀၀ တန် ၃၉,၀၀၀ ရွက် (၁၉၅,၀၀၀,၀၀၀ ကျပ်) ကို ယူဆောင်သွားရာ စုစုပေါင်း ကျပ် ၃၁၃,၉၁၀,၀၀၀

(ကျပ် ၃၁၃ သိန်းကျော်) ကိုဆာလာအိတ်ထဲ ယူဆောင်သွားကြောင်း သိရသည်။အဆိုပါ KBZ ဘဏ်အား မျက်နှာဖုံးစွပ် လူငါးဦးခန့် ဝင်ရောက်ဓားပြတိုက်ခဲ့ပြီးနောက် မဟာဗန္ဓုလမ်းပေါ်နှင့် မဟာဗန္ဓုတံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ချထားကာ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘီဘီစီမြန်မာပိုင်းသတင်းတွင် မျက်မြင်တစ်ဦး၏ ပြောပြချက်အရ ဓားပြလာတိုက်သူများက ဘဏ်လုံခြုံရေး နှစ်ဦးကို ထိုးကြိတ်ခဲ့သော်လည်း အခြားသော ဘဏ်ဝန်ထမ်းများ နှင့် ဘဏ်တွင်လာရောက်သူများအား အန္တရာယ်မပြုခဲ့ဘဲ ငွေများယူဆောင်သွားကြောင်း သိရသည်။

Fielder အမျိုးအစား အဖြူရောင် တက္ကစီဖြင့် မဟာဗန္ဓုလလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်သွားသည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဂန္နီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓါးပြတိုက် သွားသောအဖွဲ့ကို ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း ဘဏ်အသိုင်းအဝိုင်းက ထွက်ရှိလာသော စာတွင် ဖော်ပြထားသည်။

Crd-Original Post

(ZAWGYI)

ရန္ကုန္ၿမိဳ႕လယ္ ဘဏ္ဓားျပတိုက္ခံရမႈ သိန္း ၃၀၀၀ ေက်ာ္ပါသြားဟုဆို

ရန္ကုန္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ မဟာဗႏၶဳလလမ္းေပၚ၊ ၄၇ လမ္းႏွင့္ ၄၈ လမ္းၾကားက Urban Asia Center အေဆာက္အအုံရွိ ကေမာၻဇဘဏ္ခြဲတြင္ ယေန႔ ေအာက္တိုဘာ ၂၂ရက္ မြန္းလြဲ ၁ နာရီ ဝန္းက်င္က ဓားျပတိုက္ခံရရာ က်ပ္သိန္း၃၀၀၀ ေက်ာ္ ပါသြားေၾကာင္း ဘဏ္ႏွင့္နီးစပ္သည့္ အသိုင္းအဝိုင္းက သိရသည္။

လက္နက္ကိုင္ေဆာင္ထားသူ ငါးဦးက ဘဏ္အတြင္းသို႔ ေရာက္ရွိလာၿပီး ပစၥတိုေသနတ္ျဖင့္ ခ်ိန္႐ြယ္ကာ ဘဏ္ေကာင္တာအတြင္းမွ က်ပ္ ၁၀,၀၀၀ တန္ ၁၁,၈၉၁ ႐ြက္ (၁၁၈,၉၁၀,၀၀၀ က်ပ္) ႏွင့္ က်ပ္ ၅၀၀၀ တန္ ၃၉,၀၀၀ ႐ြက္ (၁၉၅,၀၀၀,၀၀၀ က်ပ္) ကို ယူေဆာင္သြားရာ စုစုေပါင္း က်ပ္ ၃၁၃,၉၁၀,၀၀၀

(က်ပ္ ၃၁၃ သိန္းေက်ာ္) ကိုဆာလာအိတ္ထဲ ယူေဆာင္သြားေၾကာင္း သိရသည္။အဆိုပါ KBZ ဘဏ္အား မ်က္ႏွာဖုံးစြပ္ လူငါးဦးခန႔္ ဝင္ေရာက္ဓားျပတိုက္ခဲ့ၿပီးေနာက္ မဟာဗႏၶဳလမ္းေပၚႏွင့္ မဟာဗႏၶဳတံတားေပၚတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးတင္းၾကပ္စြာ ခ်ထားကာ စစ္ေဆးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဘီဘီစီျမန္မာပိုင္းသတင္းတြင္ မ်က္ျမင္တစ္ဦး၏ ေျပာျပခ်က္အရ ဓားျပလာတိုက္သူမ်ားက ဘဏ္လုံၿခဳံေရး ႏွစ္ဦးကို ထိုးႀကိတ္ခဲ့ေသာ္လည္း အျခားေသာ ဘဏ္ဝန္ထမ္းမ်ား ႏွင့္ ဘဏ္တြင္လာေရာက္သူမ်ားအား အႏၲရာယ္မျပဳခဲ့ဘဲ ေငြမ်ားယူေဆာင္သြားေၾကာင္း သိရသည္။

Fielder အမ်ိဳးအစား အျဖဴေရာင္ တကၠစီျဖင့္ မဟာဗႏၶဳလလမ္းအတိုင္း အေရွ႕ဘက္သို႔ ေမာင္းႏွင္သြားသည္ဟု ဆိုသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဘဏ္လုံၿခဳံေရးဝန္ထမ္းတစ္ဦး ဒဏ္ရာရရွိခဲ့သျဖင့္ ဂႏၷီေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ဓါးျပတိုက္ သြားေသာအဖြဲ႕ကို ပိတ္ဆို႔ရွာေဖြလ်က္ရွိေၾကာင္း ဘဏ္အသိုင္းအဝိုင္းက ထြက္ရွိလာေသာ စာတြင္ ေဖာ္ျပထားသည္။

Crd-Original Post