စကစရဲ့ ပြည်ပဘဏ္ဍာရေးပိုင်ဆိုင်မှုတွေ မသုံးနိုင်အောင်ပိတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပေးပီ

စကစရဲ့ ပြည်ပဘဏ္ဍာရေးပိုင်ဆိုင်မှုတွေ မသုံးနိုင်အောင်ပိတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပေးပီ

မြန်မာစစ်ကောင်စီအနေနဲ့ ပြည်ပမှာရှိတဲ့ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ရယူသုံးစွဲနိုင်တဲ့အခြေအနေ အကန့်အသတ်ဖြစ်လာအောင်လုပ်မယ့် နည်းလမ်းတွေကို စင်ကာပူနိုင်ငံနဲ့ဆွေးနွေးထားတယ်ဆိုပြီးအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မူဝါဒဆိုင်ရာ အကြံပေးဖြစ်သူ ဒဲရက်ရှလေးက ပြောလာပါတယ်။

သူ့ရဲ့စင်ကာပူနိုင်ငံခရီးစဉ်မှာ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ဒုတိယစီမံညွှန်ကြားရေးမှူးနဲ့အောက်တိုဘာလ ၂၀ ရက်မှာတွေ့ဆုံချိန် အခုလိုဆွေးနွေးတာလို့ဆိုပါတယ်။ဒီ့မတိုင်ခင်တုန်းကလည်း သူဟာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးလို ဒေသတွင်း ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုဆွေးနွေးချိန် အကြံပေးက လာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဆက်စပ်ဆွေးနွေးပွဲတွေအတွက် စစ်ခေါင်းဆောင်အစား နိုင်ငံရေးနဲ့မပတ်သက်သူကိုယ်စားလှယ်တစ်ဦးကို ဖိတ်ဖို့ အာဆီယံက ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့တာကို အမေရိကန်က ထောက်ခံတဲ့အကြောင်းလည်း ပြောထားပါတယ်။

ကောင်ဆယ်လာရှလေးဟာ CRPH/NUGအဖွဲ့က တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံဆွေးနွေးနေတဲ့ အမေရိကန် ထိပ်တန်းအရာရှိတစ်ယောက်ဖြစ်ပြီး သူ့ရာထူးဟာ ဒုဝန်ကြီးအဆင့်နဲ့ညီမျှတဲ့ထိပ်တန်းရာထူးတာဝန်ဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

စကစရဲ႕ ျပည္ပဘ႑ာေရးပိုင္ဆိုင္မႈေတြ မသုံးႏိုင္ေအာင္ပိတ္ဖို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အႀကံေပးပီ

ျမန္မာစစ္ေကာင္စီအေနနဲ႔ ျပည္ပမွာရွိတဲ့ဘ႑ာေရးပိုင္ဆိုင္မႈေတြကို ရယူသုံးစြဲႏိုင္တဲ့အေျခအေန အကန႔္အသတ္ျဖစ္လာေအာင္လုပ္မယ့္ နည္းလမ္းေတြကို စင္ကာပူႏိုင္ငံနဲ႔ေဆြးေႏြးထားတယ္ဆိုၿပီးအေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန မူဝါဒဆိုင္ရာ အႀကံေပးျဖစ္သူ ဒဲရက္ရွေလးက ေျပာလာပါတယ္။

သူ႔ရဲ႕စင္ကာပူႏိုင္ငံခရီးစဥ္မွာ စင္ကာပူေငြေၾကးအာဏာပိုင္အဖြဲ႕ဒုတိယစီမံၫႊန္ၾကားေရးမႉးနဲ႔ေအာက္တိုဘာလ ၂၀ ရက္မွာေတြ႕ဆုံခ်ိန္ အခုလိုေဆြးေႏြးတာလို႔ဆိုပါတယ္။ဒီ့မတိုင္ခင္တုန္းကလည္း သူဟာ စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ေတြ႕ဆုံခဲ့ၿပီး ျမန္မာ့အေရးလို ေဒသတြင္း ကိစၥေတြကိုေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီလိုေဆြးေႏြးခ်ိန္ အႀကံေပးက လာမယ့္အာဆီယံထိပ္သီးေဆြးေႏြးပြဲေတြနဲ႔ ဆက္စပ္ေဆြးေႏြးပြဲေတြအတြက္ စစ္ေခါင္းေဆာင္အစား ႏိုင္ငံေရးနဲ႔မပတ္သက္သူကိုယ္စားလွယ္တစ္ဦးကို ဖိတ္ဖို႔ အာဆီယံက ခက္ခက္ခဲခဲဆုံးျဖတ္ခ်က္ခ်ခဲ့တာကို အေမရိကန္က ေထာက္ခံတဲ့အေၾကာင္းလည္း ေျပာထားပါတယ္။

ေကာင္ဆယ္လာရွေလးဟာ CRPH/NUGအဖြဲ႕က တာဝန္ရွိသူေတြနဲ႔ ထိေတြ႕ဆက္ဆံေဆြးေႏြးေနတဲ့ အေမရိကန္ ထိပ္တန္းအရာရွိတစ္ေယာက္ျဖစ္ၿပီး သူ႔ရာထူးဟာ ဒုဝန္ႀကီးအဆင့္နဲ႔ညီမွ်တဲ့ထိပ္တန္းရာထူးတာဝန္ျဖစ္ပါတယ္။

Crd-Original Post