အခြေခံ လူတန်းစား လက်လုပ်လက်စား ပြည်သူတွေကို ခဏတာ ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အလှူလေး

အခြေခံ လူတန်းစား လက်လုပ်လက်စား ပြည်သူတွေကို ခဏတာ ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အလှူလေး

ခန္ဓာကိုယ် အမိုက်စားလေးကို ပိုင်ဆိုင်ထားပြီး စူးရှတဲ့အလှတရားတွေနဲ့သူလေးကတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။

သင်ဇာက အောင်မြင်ကျော်ကြား လူကြိုက်များပြီး ဆွဲဆောင်မှု ရှိတဲ့အလှတရားတွေနဲ့ ပြည့်နှက်နေသလို ယောကျာ်းလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

သရုပ်ဆောင်ရာမှာလည်း ကျရာဇာတ်ရုပ်များကို ပီပီပြင်ပြင်ပုံဖော်နိုင်သူတစ်ဦး လည်းဖြစ်ပါတယ်။

ဒါ့အပြင် အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း ရှေ့ဆုံးကနေ ပါဝင်လှူဒါန်း တတ်သူလေးဖြစ်လို့ ပရိသတ်တွေက လေးစား အားကျနေရတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ် ။

အခုလည်း လက်လုပ်လက်စား ပြည်သူတွေအတွက် တစ်နပ်စာ ထမင်းဟင်းများကို ကိုယ်တိုင် သွားရောက် ဝေငှ လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ် ။

လာရောက် ယူဆောင်ကြသူတွေ များစွာကို တွေ့ရပြီး ပြုံးပျော် ပီတိဖြစ်နေကြတာကို ပုံတွေထဲမှာ အထင်းသားတွေ့မြင်ရပါတယ် ။

ပရိသတ်ကြီးအတွက် သင်ဇာရဲ့ အလှူလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone
Photo – Thinzar Wint Kyaw

(ZAAWGYI)









Yuan – Cele Zone