ကျေးဇူးရှင် ဖခင်ကြီး ကွယ်လွန်ခြင်း (၃)လပြည့်အလှူအဖြစ် ကထိန်သင်္ကန်း၊ ဆွမ်းအလှူနဲ့ သိမ်ဆောက်လုပ်ခြင်းအလှူတွေပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

ကျေးဇူးရှင် ဖခင်ကြီး ကွယ်လွန်ခြင်း (၃)လပြည့်အလှူအဖြစ် ကထိန်သင်္ကန်း၊ ဆွမ်းအလှူနဲ့ သိမ်ဆောက်လုပ်ခြင်းအလှူတွေပြုလုပ်ခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားကြီး ခန့်စည်သူကတော့ နေ့တိုင်းလိုလို ကို အလှူအတန်းတွေပြုလုပ်နေပြီး စေတနာသဒ္ဓါတရားထက်သန်လွန်းလှတဲ့သူတစ်ယောက်ပါ။

ဒီနေ့မှာလည်း ခန့်စည်သူက ဖခင်ကြီးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပါသေးတယ်။

ဒီနေ့အောက်တိုဘာလ (၂၂)ရက်နေ့မှာတော့ ခန့်စည်သူရဲ့ဖခင်ကြီးက ကွယ်လွန်သွားတာ (၃)လပြည့်မြောက်သွားတာဖြစ်ပြီး ခန့်စည်သူကတော့ ဒီနေ့အလှူလေးကို

ဖခင်ကြီးကွယ်လွန်ခြင်း(၃)လပြည့်အတွက် ရည်စူးပြုလုပ်ခဲ့တာပါတဲ့။

ဖခင်ကြီးအတွက်ရည်စူးကာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ပန်းများနှင့်ကပ်လှူပူဇော်ခြင်း၊ဓမ္မဝိဟာရ ပထမကျော်စာသင်တိုက်နှင့် ဓမ္မရိပ်သာ ဦးစီးပဓါန နာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အရှင်ဂရုဝံသာ ဘိဝံသ (ဝိနယ ပါဠိပါရဂူ)

ထံသို့ ကထိန်သင်္ဃန်းများ၊ပိဋကတ် (၃)ပုံနှင့် ပဋ္ဌာနပါဠိ(ပဋ္ဌာန်း-၅ ကျမ်းတွဲ) များကို လှူဒါန်းခြင်း၊

ကျောင်းတိုက်အတွင်း၌ သီတင်းသုံးတော်မူနေကြသော သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း နှင့် ဝိသုံဂါမ(သီးခြားရွာ) သိမ်တော်မြတ်ကြီး

အထပ်မြှင့်ဆောက်လုပ်ခြင်းအတွက် အလှူငွေ -သိန်း(၃၀) လှူဒါန်းခြင်းစတဲ့ အလှူဒါနတွေကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ခန့်စည်သူရဲ့ ဖခင်ကြီးကတော့ သားဖြစ်သူကြောင့် ကောင်းရာဘုံဘဝကနေ ပီတိဖြစ်သာဓုခေါ်ဆိုနေမှာပဲတော့ အသေအချာပါပဲ။

Source – Kyaw Soe Win

(ZAWGYI).








Source – Kyaw Soe Win