မွေးနေ့အလှူအနေနဲ့ ဆွမ်းဆန်အလှူတော်တွေလှူဒါန်းခဲ့တဲ့ နက္ခတ်

မွေးနေ့အလှူအနေနဲ့ ဆွမ်းဆန်အလှူတော်တွေလှူဒါန်းခဲ့တဲ့ နက္ခတ်

ပရိသတ်ကြီးရေ ဒီနေ့ အောက်တိုဘာလ (၂၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသားချော နက္ခတ်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

သရုပ်ဆောင် နက္ခတ်ကတော့ ဒီနေ့မွေးနေ့ရက်လေးမှာ အသက် (၃၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

နက္ခတ်ကတော့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အလှူလေးအနေနဲ့ ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ ပလ္လင်္က သတ္တာဟ (မဟာဗောဓိ)တွင် သစ်သီး၊ ကြာပန်း ပွင့် နှင့် ရေချမ်းတော် တို့ကိုလှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ဆွမ်းဆန်တော်အလှူအနေနဲ့ အလိုတော်ပြည့်ကျောင်းတိုက်မှာ ဆန်(၁)အိတ် ၊ ဆီ ၅ ပိဿာ နှင့် ရွှေဂူ မိဘမဲ့ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ အရုဏ်ဆွမ်းအာဟာရဒါနအလှူလေးလည်း ပြုလုပ်ခဲ့ပါတယ်။

နောက်ထပ်လည်းမွေးနေ့အလှူလေးအဖြစ်မန္တလေးမြို့ အမတော်မရွှေဥတောင်မှာသီတင်းသုံးနေထိုင်နေသော ဆရာတော်အား ပိဠကတ်သုံးပုံ မြန်မာပြန် လည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

ပရိသတ်ကြီးတွေလည်း ဒီနေ့မှာကျရောက်တဲ့ သရုပ်ဆောင် နက္ခတ်ရဲ့ မွေးနေ့အလှူလေးကို သာဓုခေါ်ဆိုပြီး နက္ခတ်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – နက္ခတ်

(ZAWGYI)








Source – နက္ခတ်