သီတင်းကျွတ် ကာလလေးမှာ ချစ်မေမေ အံ့အား သင့်သွားရလောက်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေနဲ့ တရိုတသေ ရှိခိုး ကန်တော့ခဲ့တဲ့ ညိမ်းသော်

သီတင်းကျွတ် ကာလလေးမှာ ချစ်မေမေ အံ့အား သင့်သွားရလောက်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေနဲ့ တရိုတသေ ရှိခိုး ကန်တော့ခဲ့တဲ့ ညိမ်းသော်

ညိမ်းသော်ကတော့ တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးရယ်ချောမောခန့်ညားတဲ့ ရုပ်ရည်စတိုင် အနေအထားတွေကြောင့် မိန်းမပျိုလေးတွေကြားမှာ ရေပန်းစားနေတဲ့ ကိုလူချောလေးပဲ ဖြစ်ပါတယ်။

မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

ညိမ်းသော်ကတော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။

အလုပ်တွေ ကြိုးစားသလို မိဘအပေါ်လည်း သိတတ်တဲ့ ညိမ်းသော်က သီတင်းကျွတ် ကာလလေးမှာလည်း ချစ်ရတဲ့ မိခင်ကြီးကို တန်ဖိုးကြီးပစ္စည်းတွေနဲ့ တရိုတသေ ရှိခိုး ကန်တော့ခဲ့ပါတယ် ။

အမှတ်တရ ပုံရိပ်တွေနဲ့ အတူ ” ကျန်တော့်ရဲ့မွေးသမိခင်ချစ်မေမေကိုသီတင်းကျွတ်ဂါရဝကန်တော့အလှအပတွေ မကြိုက်တဲ့ အမေအတွက် ဒီနစ်တော့(၁၀)သိန်းရယ်….အမေကြိုက်တတ်တဲ့ပစ္စည်းလေးတွေနဲ့ပဲအမှတ်တရလေးဂါရဝပြုခွင့်ရပါတယ်

ကျန်တော်မေမေပျော်နေလေရဲ့….နောင်နှစ်ပေါင်းများစွာတိုင်…. ဖြူစင်သောငွေကြေးတွေနဲ့…. ခုထက်ပိုပြီးကန်တော့နိင်ပါရစေ

ယခုထက်ပိုသောအလုပ်အကျွေးပြုစုစောင့်ရှောက်မှူတွေနဲ့အတူ..မေမေကိုစောင့်ရှောက်ဂါရဝပြုခွင့်ရချင်နေသေးလို့ နောင်နစ်ပေါင်များစွာတိုင်……..

မေမေသက်ရှည်ကျန်းမာရောဂါကင်းစွာနဲ့သားတို့နဲ့အတူရှိနေပေးပါနော်…” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nyein Thaw

(ZAWGYI)









Yuan – Cele Zone

Photo – Nyein Thaw