စစ်အုပ်စု၏ နိုင်ငံရပ်ခြားတွင်ရှိသော ဘဏ္ဍာရေးပိုင်ဆိုင်မှုအား မသုံးစွဲနိုင်‌ရေး စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပြော

စစ်အုပ်စု၏ နိုင်ငံရပ်ခြားတွင်ရှိသော ဘဏ္ဍာရေးပိုင်ဆိုင်မှုအား မသုံးစွဲနိုင်‌ရေး စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပြော

မြန်မာနိုင်ငံမှ စစ်ကောင်စီ၊ စစ်တပ်အုပ်စုဝင် များ၏ နိုင်ငံရပ်ခြားရှိ ဘဏ္ဍာရေး ပိုင်ဆိုင်မှုများအား မသုံးစွဲနိုင်‌ရေး ရယူနိုင်ခွင့် ကန့်သတ်ရန် နည်းလမ်းကို စင်္ကာပူနိုင်ငံနှင့် ဆွေးနွေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန

အတိုင်ပင်ခံ ဒဲရက်ရှလေးက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ရှလေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စင်္ကာပူနိုင်ငံ ငွေကြေးဆိုင်ရာ အာဏာပိုင်များ နှင့် တွေ့ဆုံပြီး ယင်းသို့ ဆွေးနွေးခဲ့သည်ဟု သိရသည် ။

မစ္စတာ ရှလေးက ” စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ရဲ့ ဒုတိယ စီမံညွှန် ကြားရေးမှူး ဟိုဟန်ရှသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုက အကျိုးဖြစ်ထွန်းပါတယ်။ မြန်မာစစ်တပ်အုပ်စုရဲ့ နိုင်ငံရပ်ခြားမှာရှိနေတဲ့ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေကို ရယူသုံးနိုင်ခွင့်ကို

ကန့်သတ်ဖို့ နည်းလမ်းတွေဆွေးနွေးခဲ့ပါတယ်” ဟု ၎င်း၏တွစ်တာတွင် ရေးသားထားသည်။၎င်း၏ စင်္ကာပူနိုင်ငံခရီးစဉ်တွင် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့နှင့် အောက်တိုဘာလ ၂၀ ရက်‌တွင် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အစောပိုင်းက တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် ဒေသတွင်း အကြောင်းအရာများကို ဆွေးနွေးခဲ့သေး သည် ။

လာမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်ဆွေးနွေးပွဲများအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်အစား နိုင်ငံရေးနှင့် မပတ်သက်သူ ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ရန် အာဆီယံဆုံးဖြတ်ချက်အပေါ် အမေရိကန်နိုင်ငံက

ထောက်ခံ ကြောင်း အမေရိကန်ကိုယ်စားလှယ်က ပြောခဲ့သည်။

Mizzima

(ZAWGYI)

စစ္အုပ္စု၏ ႏိုင္ငံရပ္ျခားတြင္ရွိေသာ ဘ႑ာေရးပိုင္ဆိုင္မႈအား မသုံးစြဲႏိုင္‌ေရး စကၤာပူႏိုင္ငံႏွင့္ ေဆြးေႏြးထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံေျပာ

ျမန္မာႏိုင္ငံမွ စစ္ေကာင္စီ၊ စစ္တပ္အုပ္စုဝင္ မ်ား၏ ႏိုင္ငံရပ္ျခားရွိ ဘ႑ာေရး ပိုင္ဆိုင္မႈမ်ားအား မသုံးစြဲႏိုင္‌ေရး ရယူႏိုင္ခြင့္ ကန႔္သတ္ရန္ နည္းလမ္းကို စကၤာပူႏိုင္ငံႏွင့္ ေဆြးေႏြးထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန

အတိုင္ပင္ခံ ဒဲရက္ရွေလးက ေျပာသည္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ ဒဲရက္ရွေလး ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕သည္ စကၤာပူႏိုင္ငံ ေငြေၾကးဆိုင္ရာ အာဏာပိုင္မ်ား ႏွင့္ ေတြ႕ဆုံၿပီး ယင္းသို႔ ေဆြးေႏြးခဲ့သည္ဟု သိရသည္ ။

မစၥတာ ရွေလးက ” စကၤာပူ ေငြေၾကးအာဏာပိုင္အဖြဲ႕ရဲ႕ ဒုတိယ စီမံၫႊန္ ၾကားေရးမႉး ဟိုဟန္ရွသင္းနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈက အက်ိဳးျဖစ္ထြန္းပါတယ္။ ျမန္မာစစ္တပ္အုပ္စုရဲ႕ ႏိုင္ငံရပ္ျခားမွာရွိေနတဲ့ ဘ႑ာေရး ပိုင္ဆိုင္မႈေတြကို ရယူသုံးႏိုင္ခြင့္ကို

ကန႔္သတ္ဖို႔ နည္းလမ္းေတြေဆြးေႏြးခဲ့ပါတယ္” ဟု ၎၏တြစ္တာတြင္ ေရးသားထားသည္။၎၏ စကၤာပူႏိုင္ငံခရီးစဥ္တြင္ စကၤာပူေငြေၾကးအာဏာပိုင္အဖြဲ႕ႏွင့္ ေအာက္တိုဘာလ ၂၀ ရက္‌တြင္ ေတြ႕ဆုံေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ စကၤာပူႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ အေစာပိုင္းက ေတြ႕ဆုံခဲ့ၿပီး ျမန္မာ့အေရးအပါအဝင္ ေဒသတြင္း အေၾကာင္းအရာမ်ားကို ေဆြးေႏြးခဲ့ေသး သည္ ။

လာမည့္ အာဆီယံထိပ္သီးေဆြးေႏြးပြဲႏွင့္ ဆက္စပ္ေဆြးေႏြးပြဲမ်ားအတြက္ အာဏာသိမ္းစစ္ေခါင္းေဆာင္အစား ႏိုင္ငံေရးႏွင့္ မပတ္သက္သူ ကိုယ္စားလွယ္ တစ္ဦးကို ဖိတ္ရန္ အာဆီယံဆုံးျဖတ္ခ်က္အေပၚ အေမရိကန္ႏိုင္ငံက

ေထာက္ခံ ေၾကာင္း အေမရိကန္ကိုယ္စားလွယ္က ေျပာခဲ့သည္။

Mizzima

Crd-Original Post