ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်ရှိ အကြီးဆုံးမီးတောင်ရှင် ပေါက်ကွဲ

ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်ရှိ အကြီးဆုံးမီးတောင်ရှင် ပေါက်ကွဲ

“ဂျပန်နိုင်ငံ ကျူးရှူးကျွန်းပေါ်က ဂျပန်နိုင်ငံရဲ့ အကြီးဆုံးမီးတောင်ရှင် အာဆိုဟာ အောက်တိုဘာ ၂၀ ရက်က ပေါက်ကွဲသွားပါတယ်။

စောင့်ကြည့်ရေးကင်မရာတွေကနေ ရိုက်ကူးထားတဲ့ မီးတောင် ပေါက်ကွဲပုံရုပ်သံကို ဂျပန် မိုးလေဝသဌာနက ထုတ်လွှင့်ပြီး သေဆုံးဒဏ်ရာရမှုနဲ့ အပျက်အစီးစာရင်းကို မသိရသေးပါဘူး။

ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်တွေထဲက တခုလည်းဖြစ်တဲ့ အာဆိုမီးတောင်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၃ မိနစ်လောက်မှာ စတင်ပေါက်ကွဲခဲ့ပြီး ပြာတွေကို ကောင်းကင်ပေါ် ၂ ဒသမ ၂ မိုင် အမြင့်ထိ မှုတ်ထုတ်ခဲ့တယ်လို့ ဂျပန် မိုးလေဝသဌာနက ပြောပါတယ်။

အဆင့်ငါးဆင့်ရှိတဲ့ တပ်လှန့်သတိပေးချက်စနစ်အရ မီးတောင် ပေါက်ကွဲမှုဆိုင်ရာ အဆင့် ၃ တပ်လှန့် သတိပေးချက်ကို ဂျပန် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

လူတွေ မီးတောင်နားကို မကပ်ဖို့၊ မီးတောင်ရဲ့ နာခါဒါကေ မီးတောင်အူကြောင်းပတ်လည် အချင်း သုည ဒသမ ၆ မိုင်ပတ်လည်ကို မသွားကြဖို့နဲ့ ချော်ခဲတွေ ထိမှန်မယ့်ဘေးကို သတိထားကြဖို့ တပ်လှန့်ထားပါတယ်။

အာဆိုမီးတောင်ဟာ ၂၀၁၉ ခုနှစ်က အသေးစား ပေါက်ကွဲခဲ့ဖူးပါတယ်။ ဂျပန်ရဲ့ နှစ်၉၀ သမိုင်းမှာ အဆိုးဆုံး မီးတောင် ပေါက်ကွဲမှုက ၂၀၁၄ စက်တင်ဘာမှာ ဖြစ်ခဲ့ဖူးပြီး အွန်တာ့ခဲ မီးတောင်ပေါ်မှာ လူ ၆၃ ယောက် သေဆုံးခဲ့ပါတယ်။”

Crd-Original Post

(ZAWGYI)

ဂ်ပန္ႏိုင္ငံ က်ဴးရႉးကြၽန္းေပၚရွိ အႀကီးဆုံးမီးေတာင္ရွင္ ေပါက္ကြဲ

“ဂ်ပန္ႏိုင္ငံ က်ဴးရႉးကြၽန္းေပၚက ဂ်ပန္ႏိုင္ငံရဲ႕ အႀကီးဆုံးမီးေတာင္ရွင္ အာဆိုဟာ ေအာက္တိုဘာ ၂၀ ရက္က ေပါက္ကြဲသြားပါတယ္။

ေစာင့္ၾကည့္ေရးကင္မရာေတြကေန ႐ိုက္ကူးထားတဲ့ မီးေတာင္ ေပါက္ကြဲပုံ႐ုပ္သံကို ဂ်ပန္ မိုးေလဝသဌာနက ထုတ္လႊင့္ၿပီး ေသဆုံးဒဏ္ရာရမႈနဲ႔ အပ်က္အစီးစာရင္းကို မသိရေသးပါဘူး။

ကမာၻ႔အႀကီးဆုံး မီးေတာင္ရွင္ေတြထဲက တခုလည္းျဖစ္တဲ့ အာဆိုမီးေတာင္ဟာ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီ ၄၃ မိနစ္ေလာက္မွာ စတင္ေပါက္ကြဲခဲ့ၿပီး ျပာေတြကို ေကာင္းကင္ေပၚ ၂ ဒသမ ၂ မိုင္ အျမင့္ထိ မႈတ္ထုတ္ခဲ့တယ္လို႔ ဂ်ပန္ မိုးေလဝသဌာနက ေျပာပါတယ္။

အဆင့္ငါးဆင့္ရွိတဲ့ တပ္လွန႔္သတိေပးခ်က္စနစ္အရ မီးေတာင္ ေပါက္ကြဲမႈဆိုင္ရာ အဆင့္ ၃ တပ္လွန႔္ သတိေပးခ်က္ကို ဂ်ပန္ မိုးေလဝသဌာနက ထုတ္ျပန္ထားပါတယ္။

လူေတြ မီးေတာင္နားကို မကပ္ဖို႔၊ မီးေတာင္ရဲ႕ နာခါဒါေက မီးေတာင္အူေၾကာင္းပတ္လည္ အခ်င္း သုည ဒသမ ၆ မိုင္ပတ္လည္ကို မသြားၾကဖို႔နဲ႔ ေခ်ာ္ခဲေတြ ထိမွန္မယ့္ေဘးကို သတိထားၾကဖို႔ တပ္လွန႔္ထားပါတယ္။

အာဆိုမီးေတာင္ဟာ ၂၀၁၉ ခုႏွစ္က အေသးစား ေပါက္ကြဲခဲ့ဖူးပါတယ္။ ဂ်ပန္ရဲ႕ ႏွစ္၉၀ သမိုင္းမွာ အဆိုးဆုံး မီးေတာင္ ေပါက္ကြဲမႈက ၂၀၁၄ စက္တင္ဘာမွာ ျဖစ္ခဲ့ဖူးၿပီး အြန္တာ့ခဲ မီးေတာင္ေပၚမွာ လူ ၆၃ ေယာက္ ေသဆုံးခဲ့ပါတယ္။”

Crd-Original Post