” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟု မသုံးနှုံးပဲ မင်းအောင်လှိုင် လို့ ထပ်မံခေါ်ဆိုမည် ဆိုပါက ထိရောက်စွာ အရေးယူသွားမည် ” ဟု စစ်ကောင်စီ MRTV MWD မှ ကြေညာ
” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟု မသုံးနှုံးပဲ မင်းအောင်လှိုင် လို့ ထပ်မံခေါ်ဆိုမည် ဆိုပါက ထိရောက်စွာ အရေးယူသွားမည် ” ဟု စစ်ကောင်စီ MRTV MWD မှ ကြေညာ
ဖေဖော်ဝါရီ လ ( ၁ ) ရက်နေ့ထဲက စပြီး စစ်အာဏာသိမ်းမှုဖြစ်သွားခဲ့တာလဲ တစ်နိုင်ငံလုံး အသိဖြစ်ပါတယ်။
မြန်မာ ပြည်သူပြည်သား များ အားလုံးက လဲ အာဏာသိမ်းမှုကို လက်မခံတဲ့ အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ မြန်မာ ပြည်သူများ အပေါ် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဒီအတွက်ကြောင့်
ပြည်သူတွေဟာ လက်နက်ကိုင်တော်လှန်ခဲ့တာပါ လက်နက်ကိုင်ခဲ့တဲ့ သူတွေက လက်နက်ကိုင် တော်လှန်နေကြပေမယ့် မကိုင်နိုင်သေးတဲ့ သူတွေကတော့ ထိုင်ဆဲနေကြတာပဲ ဖြစ်ပါတယ်။
ဒီလိုဆဲတဲ့ အချိန်မှာ မင်းအောင်လှိုင်လို့ ဆဲတဲ့သူကဆဲ ဇော်မင်းထွန်းကို ဆဲတဲ့သူကဆဲ ဆဲနေကြရတာပေါ့။ဒါကို အာဏာသိမ်းအဖွဲ့တစ်သိုက်က သူတို့ကို လှောင်ပြောင်နေကြတယ် ဆိုပြီး
သူတို့ပိုင် မီဒီယာ များ ဖြစ်တဲ့ MRTV နဲ့ MWD တွေမှာ သူတို့ကို ရိုသေစွာ ဗိုလ်ချုပ်မှူးကြီး ဟု တပ်ခေါ်ရမည် ဖြစ်ကြောင်း
အကယ်၍ ဗိုလ်ချုပ်မှူးကြီး ရှေ့တွင် တပ်မခေါ်လျှင်တောင် ရိုင်းပြစွာ ပြောဆို ခေါ်ဝေါ်ခြင်း မပြုကြပါရန် သတိပေးလိုက်သည် လို့ ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်။
မြန်မာ ပြည်သူပြည်သား များ အားလုံး စိတ်ချမ်းသာ ခြင်း ကိုယ် ကျန်းမာခြင်း များနဲ့ ပြည့်စုံပြီး ကိုဗစ်ရောဂါဆိုးကြီး ဘေးမှာ အမြန်ဆုံးကင်းလွတ်ကာ စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Crd-Original Post
(ZAWGYI)
Crd-Original Post