ကျောင်းအမကြီး ဝိသာခါအကြောင်း

ကျောင်းအမကြီး ဝိသာခါအကြောင်း

“ဗမာတိုင်းရင်းသားများတွင် ရိုးရာဓလေ့ပုံပြင်များ အပြင် ကိုးကွယ်မှုဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်း သော ဗုဒ္ဓဝင်ပုံပြင်များ၊ ဓမ္မပဒပုံပြင်များလည်းရှိသည်။ အဆိုပါ ဗုဒ္ဓဝင်ပုံပြင်များစွာအနက် အမျိုး ဘာသာ သာ သနာတော်ကို စံတင်ထိုက်အောင် ထိန်းသိမ်းခဲ့ပြီး သာ သနာတော် ပြန့်ပွားထွန်းကား အောင်ဆောင်ရွက်နိုင်သည့် သောတာပန် အရိယာဗမာအမျိုးသမီး၊ ကျောင်းအမကြီး ဝိသာခါ၏ ‘သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ’ဆိုသည့် ဓမ္မပဒပုံပြင်လေးကို ဖော်ပြပေးမည်ဖြစ်ပါသည်။

ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့သည် သူဌေးသမီးလေးဝိသာခါကို မွေးဖွားခဲ့သည်။ ဝိသာခါ၏အဘိုးဖြစ်သူသည် ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံ တရားဒေ သနာတော် နာကြားခဲ့ရသည်။ ရှေးဘဝပါရမီ ဆုတောင်း ကြောင့် အသက်ခုနစ်နှစ်အ ရွယ်တွင်ပင် သောတာပန်အရိ ယာ သူတော်စင်တစ်ဦးဖြစ်လာ သူလေးဖြစ်သည်။

သာဝတ္ထိပြည်၌နေထိုင်သည့် မိဂါရသူဌေးကြီးတွင် ပုဏဝဃနသူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြသည်။သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်သည်။

ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသား အရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးသည်။

ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းသော ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ် ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေသည်။ ထိုကာလတွင် ဝိသာခါ သတို့သမီးမှာ အသက် ၁၆နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကို ဆင်နွှဲရန် အြေ>ွခအရံငါးရာနှင့် ထွက်လာသည်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားသည်။

ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက် သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန် ဣန္ဒြေရှင်ဖြစ်သည့် ဝိသာခါသည် မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣန္ဒြေရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားသည်။ အဲဒီမှာ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေသည်။

ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ”ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်­­၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်”ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြသည်။

ဝိသာခါအမျိုးသမီးလေးကလည်း ”လောကမှာ လျင် မြန်စွာမသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်း မြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်း သံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်”လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါသည်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။

အဲဒီနောက် ရာဇဂြိုဟ်ပြည့်ရှင်ဗိမ္ဗိသာရမင်း၏ သူဌေး ဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာ ဝတိ­္ထပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြသည်။ နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့သည်။

ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရ မည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦး အား သမီးကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံခဲ့သည်။

မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါ သည် ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့သည်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့ပေ။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာများကြွလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက် ကြသည်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့သည်။”

ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခံြ<ွကလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခဲ့ပါ။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ”ခွင့်လွှတ်ပါဘုရား။ တပည့် တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန် တော့ဆွမ်းပါဘုရား”လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ”ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း”လို့ နှင်ချ ခံရပါသည်။ ဝိသာခါကလည်း ”ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်”ဟု ဆိုသည်။

ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူ ကြွယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေ ရှင်းပေးသည်။ ”ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က မိုက် ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမ က ဒီဘဝမှာ သူြ<ွကယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်း ကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်”လို့ ဖြေရှင်းချက်ပေးသည်။

ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အ တွက် သူြ<ွကယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြသည်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရ မည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆို ခဲ့သည်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါ သည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့သည်။

မြတ်စွာဘုရားနှင့်သံဃာတော်များ ကြွလာသည့် အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာ ဖို့ လူကြားထဲတွင် ခေါ်သည့် အတွက် ငြင်းရခက်ပြီး ကန့် လန့်ကာနောက်ကွယ်မှနေ၍ ဘုရားကိုမကြည့်ဘဲ တရားနာ ခဲ့သည်။ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာ သည်။

ဝိသာခါသူတော်ကောင်းမလေး၏ သတ္တိရှိရှိကိုယ့် ဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများ အား စိတ်စေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြသည်။ ကျောင်းအမကြီးဝိသာခါလို့ အမည်တွင်စေမည့် ပုဗ္ဗာ ရုံကျောင်းတိုက်ကြီးကို ကျောင်းမြေအတွက် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်ရန်အတွက် ကိုးကုဋေ၊ ကျောင်းလှူ ပူဇော်ပွဲအတွက် အလှူငွေကိုးကုဋေ စုစုပေါင်း ၂၇ကုဋေ ကုန်ကျခံပြီး သမိုင်းဝင်ကျောင်းအလှူတော်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်။

ဝိသာခါကျောင်းအမကြီး၏ မိမိကိုးကွယ်သော ဘာ သာတရားကို မည်သည့်အကြောင်းနှင့်မျှ စွန့်ပယ်မသွား တတ်သော ခိုင်မာသည့်စိတ်ဓာတ်များကို အတုယူနိုင်ရန် ဆန္ဒပြု ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ၊ ပုပ­္ဗဝဂ်၊ ဝိသာခါ။

အရှင်ကုမုဒြာ၊ ဓမ္မအလင်းရောင်ကျောင်းဝက်ဘ်ဆိုက်

စာဖတ်သူမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ