ဘရူနိုင်းဘုရင်နှင့်သူ၏ မိဖုရားကြီး Saleha တို့သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်ခင်မင်လေးစားမှုများရှိပြီး မင်းအောင်လှုင်ကိုတော့ လူလိမ်လူညာ အဖြစ်သတ်မှတ်ခြင်းခံရ

ဘရူနိုင်းဘုရင်နှင့်သူ၏ မိဖုရားကြီး Saleha တို့သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်ခင်မင်လေးစားမှုများရှိပြီး မင်းအောင်လှုင်ကိုတော့ လူလိမ်လူညာ အဖြစ်သတ်မှတ်ခြင်းခံရ

ဘရူနိုင်းဘုရင်က မ.အ.လ ကို 🔥 လူလိမ်ဟု မှတ်ချက်ပေးThe Raw | အောက်တိုဘာ ၁၉Asean အဖွဲ့ကြီး၏ဥက္ကဌတာဝန်ကိုယူထားသော ဘရူနိုင်းနိုင်ငံ၏ဘုရင်ကြီး Hassanal Bolkiah သည် မြန်မာစစ်ကောင်စီအား Asean ထိပ်သီးအစည်းအဝေး မတက်ရောက်ရန်နောက်ဆုံး အဆုံးအဖြတ်လုပ်ခဲ့သူဟု RAW မှသိရှိရသည်။

စ.က.စ ၏စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပထမအကြိမ် ဂျကာတာကိုလာစဉ်က ရှင်းပြခဲ့သည်မှာ အခြေခံဥပဒေအရ အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်ကို ဘရူနိုင်းဘုရင်က သံသယဖြင့်လက်ခံခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်အပါတ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်အရာရှိများက သမ္မတရာထူးမှ နုတ်ထွက်ရန် အတင်းခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေကပြောဆိုသည့်သတင်းကို ဘရူနိုင်းဘုရင်ကြီးက ဖတ်ရှုသိရှိသွားသောအခါ မင်းအောင်လှိုင်လူလိမ်ပဲ ဟုပြောကြားခဲ့ကြောင်းသိရသည်။

စစ်တပ်၏ရက်စက်ကြမ်းကြုတ်စွာပြုမူဆက်ဆံခဲ့သော နိုင်ငံရေးအကျဉ်းသားများ၏သတင်းကို ၎င်း၏နန်းတော်ကလည်းအထူးစောင့်ကြည့်လေ့လာခဲ့ကြောင်း ရန်ကုန်ရှိဘရူနိုင်းသံရုံးကလည်း အထူးဆောင်ရွက်ပေးရကြောင်းသိရလေသည်။

ဘရူနိုင်းဘုရင်၏မင်းသက်ခံနှစ် ၅၀ ပြည့်ဧည့်ခံပွဲကို ၂၀၁ရတွင်ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်ခွင့်ရခဲ့သည်။

ထိုအချိန်ကတည်းက ဘရူနိုင်းဘုရင်နှင့်သူ၏ မိဖုရားကြီး Saleha တို့သည် ဒေါ်အောင်ဆန်းစုကြည် အပေါ်ခင်မင်လေးစားမှုများရှိခဲ့ကြောင်း RAW မှသိရသည်။ဘရူနိုင်းဘုရင်ကြီးသည် မင်းအောင်လှိုင်အားလူလိမ်လူကောက် တယောက်ဟုသိသွားသည့်သတင်းကို RAW မှ share ပေးလိုက်သည်။

Crd-TheRaw

(ZAWGYI)

ဘ႐ူႏိုင္းဘုရင္ႏွင့္သူ၏ မိဖုရားႀကီး Saleha တို႔သည္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚခင္မင္ေလးစားမႈမ်ားရွိၿပီး မင္းေအာင္လႈင္ကိုေတာ့ လူလိမ္လူညာ အျဖစ္သတ္မွတ္ျခင္းခံရ

ဘ႐ူႏိုင္းဘုရင္က မ.အ.လ ကို 🔥 လူလိမ္ဟု မွတ္ခ်က္ေပးThe Raw | ေအာက္တိုဘာ ၁၉Asean အဖြဲ႕ႀကီး၏ဥကၠဌတာဝန္ကိုယူထားေသာ ဘ႐ူႏိုင္းႏိုင္ငံ၏ဘုရင္ႀကီး Hassanal Bolkiah သည္ ျမန္မာစစ္ေကာင္စီအား Asean ထိပ္သီးအစည္းအေဝး မတက္ေရာက္ရန္ေနာက္ဆုံး အဆုံးအျဖတ္လုပ္ခဲ့သူဟု RAW မွသိရွိရသည္။

စ.က.စ ၏စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ ပထမအႀကိမ္ ဂ်ကာတာကိုလာစဥ္က ရွင္းျပခဲ့သည္မွာ အေျခခံဥပေဒအရ အာဏာသိမ္းခဲ့ျခင္းျဖစ္ေၾကာင္းေျပာခဲ့သည္ကို ဘ႐ူႏိုင္းဘုရင္က သံသယျဖင့္လက္ခံခဲ့သည္ဟု သိရသည္။

ၿပီးခဲ့သည့္အပါတ္က ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကို စစ္တပ္အရာရွိမ်ားက သမၼတရာထူးမွ ႏုတ္ထြက္ရန္ အတင္းၿခိမ္းေျခာက္ခဲ့ေၾကာင္း ေရွ႕ေနကေျပာဆိုသည့္သတင္းကို ဘ႐ူႏိုင္းဘုရင္ႀကီးက ဖတ္ရႈသိရွိသြားေသာအခါ မင္းေအာင္လႈိင္လူလိမ္ပဲ ဟုေျပာၾကားခဲ့ေၾကာင္းသိရသည္။

စစ္တပ္၏ရက္စက္ၾကမ္းၾကဳတ္စြာျပဳမူဆက္ဆံခဲ့ေသာ ႏိုင္ငံေရးအက်ဥ္းသားမ်ား၏သတင္းကို ၎၏နန္းေတာ္ကလည္းအထူးေစာင့္ၾကည့္ေလ့လာခဲ့ေၾကာင္း ရန္ကုန္ရွိဘ႐ူႏိုင္းသံ႐ုံးကလည္း အထူးေဆာင္႐ြက္ေပးရေၾကာင္းသိရေလသည္။

ဘ႐ူႏိုင္းဘုရင္၏မင္းသက္ခံႏွစ္ ၅၀ ျပည့္ဧည့္ခံပြဲကို ၂၀၁ရတြင္က်င္းပခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္လည္းတက္ေရာက္ခြင့္ရခဲ့သည္။ထိုအခ်ိန္ကတည္းက ဘ႐ူႏိုင္းဘုရင္ႏွင့္သူ၏ မိဖုရားႀကီး Saleha တို႔သည္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚခင္မင္ေလးစားမႈမ်ားရွိခဲ့ေၾကာင္း RAW မွသိရသည္။ဘ႐ူႏိုင္းဘုရင္ႀကီးသည္ မင္းေအာင္လႈိင္အားလူလိမ္လူေကာက္ တေယာက္ဟုသိသြားသည့္သတင္းကို RAW မွ share ေပးလိုက္သည္။

Crd-TheRaw