ချင်းစစ်ရှောင်ပြည်သူများသို့ မယ်စကြဝဠာမြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း လှူဒါန်း

ချင်းစစ်ရှောင်ပြည်သူများသို့ မယ်စကြဝဠာမြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း လှူဒါန်း

“ချင်းစစ်ဘေးရှောင် ပြည်သူတွေအတွက် မယ်စကြဝဠာ မြန်မာအလှမယ် သူဇာဝင့်လွင်က ငွေကျပ် ၅ သိန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထန်တလန်စစ်ဘေးရှောင်ပြည်သူများ အကူအညီပေးရေးကော်မတီက ပြောပါတယ်။

အလှမယ် သူဇာဝင့်လွင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ်စကြဝဠာအလှမယ်အနေနဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအလှမယ်တွေနဲ့အတူ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရာချင်း တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ကာ အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး ဒုက္ခ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး “Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံရတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်ခဲ့ပြီး နေရပ်မပြန်နိုင်ဘဲ အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်နဲ့ နေထိုင်နေတာ ဖြစ်ပါတယ်။

လတ်တလော ဒီလှူဒါန်းမှုကတော့ အလှမယ် သူဇာဝင့်လွင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။”

DVB

(ZAWGYI)

ခ်င္းစစ္ေရွာင္ျပည္သူမ်ားသို႔ မယ္စၾကဝဠာျမန္မာအလွမယ္ သူဇာဝင့္လြင္က ေငြက်ပ္ ၅ သိန္း လႉဒါန္း

“ခ်င္းစစ္ေဘးေရွာင္ ျပည္သူေတြအတြက္ မယ္စၾကဝဠာ ျမန္မာအလွမယ္ သူဇာဝင့္လြင္က ေငြက်ပ္ ၅ သိန္း ေပးအပ္လႉဒါန္းခဲ့တယ္လို႔ ထန္တလန္စစ္ေဘးေရွာင္ျပည္သူမ်ား အကူအညီေပးေရးေကာ္မတီက ေျပာပါတယ္။

အလွမယ္ သူဇာဝင့္လြင္ဟာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳမယ္စၾကဝဠာအလွမယ္အေနနဲ႔ အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံတကာအလွမယ္ေတြနဲ႔အတူ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ႐ိုးရာခ်င္း တိုင္းရင္းသားဝတ္စုံကို ဝတ္ဆင္ကာ အေကာင္းဆုံး အမ်ိဳးသားဝတ္စုံဆု ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာအလွမယ္ဟာ ၿပိဳင္ပြဲစင္ျမင့္ေပၚမွာရတဲ့ အခြင့္အေရးကို အရယူၿပီး ဒုကၡ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြအတြက္ ရည္႐ြယ္ၿပီး “Pray For Myanmar” ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးၾကဖို႔ ႏိုင္ငံတကာအသိုင္းအဝန္းကို ေတာင္းဆိုဆႏၵထုတ္ေဖာ္သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဝရမ္းထုတ္ခံရတဲ့ အႏုပညာရွင္စာရင္းမွာ ပါဝင္ခဲ့ၿပီး ေနရပ္မျပန္ႏိုင္ဘဲ အေမရိကန္ႏိုင္ငံမွာ ခိုလႈံခြင့္နဲ႔ ေနထိုင္ေနတာ ျဖစ္ပါတယ္။

လတ္တေလာ ဒီလႉဒါန္းမႈကေတာ့ အလွမယ္ သူဇာဝင့္လြင္ရဲ႕ ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ လႉဒါန္းမႈျဖစ္တယ္လို႔ သိရပါတယ္။”

DVB