ဆီးချိူရောဂါ၊ သွေးတိုးရောဂါ နဲ့ ဆီးကျောက်တည်ခြင်းတို့ အတွက် သရက်ရွက်ရဲ့ စွမ်းပကားများ

ဆီးချိူရောဂါ၊ သွေးတိုးရောဂါ နဲ့ ဆီးကျောက်တည်ခြင်းတို့ အတွက် သရက်ရွက်ရဲ့ စွမ်းပကားများ

သရက်ရွက်မှာ အစွမ်းထက်ဆေးဘက်ဝင်အာနိသင်များစွာရှိကြောင်းကို သိရှိသူနည်းပါတယ်။ဆီးချိုသမားများအတွက် သရက်ရွက်ကို ရေတစ်ညစိမ်ပြီး မနက်မိုးလင်းတိူင်းသောက်ပေးပါက ဆီးချိူကိုသိသာစွာ ကျစေပါတယ်။ထိုအပြင် ဆီးချိုကြောင့် မျက်စိသွေးကြောပျက်စီးခြင်းကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။

သွေးတိုးရောဂါ
သရက်ရွက်က သွေးကြောများကို ကြံခိုင်စေပြီး သွေးကြောထုံးခြင်းရောဂါကိုပါ ကုသပေးနိုငိပါတယ်။ရေနွေးကြမ်းထဲ သရက်ရွက် ခပ်သောက်ခြင်းဖြင့် သွေးပေါင်ကျစေပါတယ်။

သည်းခြေကျောက်နဲ့ ဆီးကျောက်များ
သရက်ရွက်များကို နေလှမ်း အခြောက်ခံပါ။ထို့နောက် အမှုန့်ကြိတ်ပြီး ရေတစ်ခွက်နဲ့ရောစပ်ကာ တစ်ညသိပ်ထားပါ။ ထိုရေကို နေ့စဉ်သောက်ပါက ဆီးကျောက်များကို ပျော်စေကြောင်းတွေ့ရပါတယ်။

စိတ်ဂနာမငြိမ်ခြင်း
စိုးရိမ်သောကများသူများ၊စိတ်မငြိမ်သူများအတွက် အိမ်တွင်းကုထုံးလေး ရှိပါတယ်။ ဒါကတော့ သင့်ရေချိူးကန်ထဲမှာ သရက်ရွံက် ၃ခွက်စာ ထည့်ချိုးပေးဖို့ပါပဲ။

အဆုတ်ပြဿနာများ
အအေးမိခြင်း၊လေပြွန်ရောင်ရောဂါနဲ ပန်းနာရင်ကျပ်သမားများအတွက်လဲ အသုံးဝင်ပါတယ်။သရက်ရွက်ကို ရေနွေးပူတွင်ကျိုပြီး ပျားရည်နဲ့ရောစပ်သောက်သုံးပေးဖို့ လိုပါတယ်။

ဝမ်းကိုက်ရောဂါ
ဝမ်းကိုက်ရောဂါခံစားရသူများအနေနဲ့ သရက်ရွက်ကို နေလှမ်း အခြောက်ခံထားသော အမှုန့်ကို ရေနဲ့ရောစပ်ပြီး တစ်နေ့၃ကြိမ် သောက်ပေးရပါမယ်။

အပူလောင်နာများ
ရေနွေးပူလောင်ခြင်း၊မီးပူလောင်ခြင်းတို့အတွက်လဲ အသုံးဝင်ပါသေးတယ်။ သရက်ရွက်ကို မီးရှို့ ပြီး ရသော အမှုန့်ကို အပူလောင်သောနေရာတွင် အုံပေးပါ။

ကြို့ထိုးခြင်း
သရက်ရွက်ကို မီးရှိူ့ပြီး ထွက်လာသော အငွေ့ကို ရှုခြင်းဖြင့် ကြို့ထိူးတာ ပျောက်စေတယ်လို့ ဆိုပါတယ်။

Credit: Dr Jue (Daily Hot News)