မအလကြောင့်ခက်ခဲနေတဲ့ ပြည်သူတွေရဲ့ဘဝအမောတွေပြေစေဖို့ လွတ်မြောက်နယ်မြေကနေ✊“ဟဒယသပိတ် တော်လှန်ရေးအငြိမ့်” အတွက် စတင် ကြိုးစားနေကြပြီလို့ဆိုတဲ့ ဟားငါးကောင်

ကိုဗစ်ကပ်ရောဂါတွေအပြင် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကလည်း ပြည်သူတွေကို အသက်ဆုံးရှုံးစေပြီး လူငယ်တွေနဲ့ အနုပညာရှင်တချို့ဟာ တောထဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်..။ တော်လှန်ရေးရဲဘော်တွေနဲ့အတူ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြတဲ့ ဟားငါးကောင်လူရွှင်တော်အဖွဲ့ကလည်း တတ်နိုင်သလောက် အစွမ်းကုန်

ကြိုးစားပါဝင်နေကြတာ ဖြစ်ပါတယ်..။ ဟားငါးကောင်အဖွဲ့ကတော့ လွတ်မြောက်နယ်မြေတစ်နေရာကနေ ဟာသပြက်လုံးတွေနဲ့ ပြည်သူတွေရဲ့ဘဝအမောတွေပြေစေဖို့အတွက် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်..။ တော်လှန်ရေးအငြိမ့်ကဖို့အတွက် အဖွဲ့လိုက်ဟာသပြက်လုံးတွေ တိုက်နေပြီဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေသလို အနုပညာနဲ့လည်း တော်လှန်နေတဲ့အကြောင်း

အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။ “✊ ✊ ✊ဟဒယသပိတ် တော်လှန်ရေးအငြိမ့် ပြက်လုံးတိုက်နေပြီ💪💪💪..” ဆိုပြီး ပြက်လုံးတိုက်နေတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို လူရွှင်တော်ပိုးလေးက ဝေမျှထားတာ ဖြစ်ပါတယ်..။ တောတောင်ထဲရောက်နေတဲ့ အချိန်မှာတောင် ပြည်သူတွေအတွက် တွေးပြီးကြိုးစားပေးနေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုလည်း

အားလုံးအတွက် တင်ဆက်ရင်း ဘေးကင်းကြစေဖို့ကိုလည်း မျှော်လင့်ဆုတောင်းပေးလိုက်ပါတယ်..။

Crd-Original Post