မြစ်ကြီးနားသပိတ်ဦးဆောင်သူများလည်း ပြန်လည်လွတ်မြောက်လာပါပြီ

မြစ်ကြီးနားသပိတ်ဦးဆောင်သူများလည်း ပြန်လည်လွတ်မြောက်လာပါပြီ

မြစ်ကြီးအကျဉ်းထောင်မှ လွတ်လာသူများတွင် တက်ကြွလှုပ်ရှားသူများလည်း

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် လူထုဆန္ဒပြ သပိတ်ကို ဦးဆောင်ခဲ့ကြသည့် တက်ကြွလှုပ်ရှားသူများပါဝင်လာသည်ကို တွေ့ရသည်။

ဆိုင်းနူးပန်၊ လွမ်းဇောင်း၊ ဘောက်ဂျာ၊ မန္တလေးကျောင်းတိုက် ဆရာတော် ဦးပညာနှင့် မြစ်ကြီးနားတက္ကသိုလ်၊ သမိုင်းဌာန ၊ ဒုတိယဂုဏ်ထူးတန်း ကျောင်းသား မောင်မျိုးထက်နိုင်လင်းတို့ ယနေ့ နေ့လည် ၁၂ နာရီ ခွဲအချိန် လောက်တွင် လွတ်မြောက်လာကြခြင်းဖြစ်သည်။

ယနေ့မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၂၈ဦးရှိကြောင်း သိရသည်။

Crd-Original Post

(ZAWGYI)






Crd-Original Post