မအလတို့ အုပ်စုကို အမြစ်ပြုတ်အောင် တိုက်နိုင်မယ့် အဓိကအကျဆုံးဖြစ်မယ့် နည်းလမ်းတစ်ခုကို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် မင်းမော်ကွန်းကတော့ အာဏာရှင်လူတစ်စုကို အမြစ်ပြတ်ချေမှုန်းရန်အတွက် လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲများနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေကိုလည်း လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း

မင်းမော်ကွန်းရဲ့Facebook အကောင့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံသို့ထောက်ပံ့လို့မရအောင် အာဏာရှင်လူတစ်စုဘက်မှ ကြံစည်ထားတဲ့အရာတွေကို ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားရှိ အချို့နေရာများတွင် တိုက်ပွဲဖြစ်လာတဲ့အခါ အာဏာရှင်လူတစ်စုမှ ပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ ပစ်ပြီး ရွာတွေကို မီးရှို့လေ့ရှိပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်ရသူတွေများပြားလာခဲ့ပြီး ပြည်သူများမှ သူတို့တွေကို ကူညီဖို့ အတွက် ဆောင်ရွက်နေရတာကြောင့်

PDF တွေဆီသို့ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးဖို့ ခက်ခဲလာကြပါတယ်။ ဒါ့အပြင် ပြည်သူတွေ ဒုက္ခရောက်စေဖို့အတွက် ကိုဗစ်ရောဂါကူးစက်အောင် တမင်ကြံစည်ခဲ့ရုံသာမက ဆေးဝါးများ မရရှိအောင် အောက်ဆီဂျင်တွေ မရအောင် ဖြတ်ပစ်ခဲ့ပြီးလိုအပ်မှုတွေ ရှိလာအောင် လုပ်ခဲ့တာတွေကိုလည်း ရေးသားဝေမျှလာခဲ့ပါတယ်။

တိုင်းပြည်ဒုက္ခများလေ သူတို့ကိုမတော်လှန်နိုင်လေဆိုတဲ့ မူဝါဒကို စွဲကိုင်ထားတာကြောင့်ပြည်သူတွေ မဆုံးရှုံးသင့်ပဲ တဖြုတ်ဖြုတ်ကြွေလွင့်နေရတာ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် အဓိကအကျဆုံး နည်းလမ်းကတော့ ခေါင်မိုးပြင်ရမှာ ဖြစ်ပြီးအခက်အခဲတွေများစွာကို ရင်ဆိုင်ကြုံတွေ့နေရပြီး

ဒုက္ခခံနေရတဲ့ အနာဂတ်ရဲ့ လူငယ်လေးတွေအတွက် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေ လုပ်ပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပြည်သူများကလည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းကြဖို့အတွက်စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကြုံလာသမျှ ဒုက္ခတွေကို ခါးစီးခံနေရတဲ့ လူငယ်လေးတွေ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်း အောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

crd-mmload