ကျောင်းဝတ်စုံလေးဝယ်ချင်လို့ စက်ဘီးလေးနဲ့ ငါးပိထောင်းဘူးများ လိုက်လံရောင်းချနေတဲ့ ကလေးမလး
ကျောင်းဝတ်စုံလေးဝယ်ချင်လို့ စက်ဘီးလေးနဲ့ ငါးပိထောင်းဘူးများ လိုက်လံရောင်းချနေတဲ့ ကလေးမလး
ထိုင်းနိုင်ငံ Patchbunပြည်နယ် Wichian Buriခရိုင်တွင် နေထိုင်သော အသက်၁၂နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မောင်နှမသုံးယောက်ရှိကာ မိခင်ဖြစ်သူမှ ကြုံရာကျဘမ်းအလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
ကလေးမလေးဧ။်ဖခင်ဖြစ်သူသည် ငယ်လေးကတည်းက တာဝန်မဲ့စွာ အိမ်ကထွက်သွားခဲ့ပြီး မိခင်ဖြစ်သူခမျာ အလုပ်စုံလုပ်ကာ တစ်ယောက်တည်း သားသမီးတွေကို ကျွေးမွေးစောင့်ရှောက်ခြင်းဖြင့် ပင်ပန်းလှသည်။
ထို့ကြောင့် သမီးအကြီးဆုံးဖြစ်တဲ့ ကလေးမလေးသည် နေ့စဉ်စက်ဘီးလေးတစ်စီးနှင့်အတူ လမ်းမပေါ်ထွက်၍ ငါးပိထောင်းဘူးလေးများကို ရောင်းချကာ ရရှိသည့်ငွေလေးကို ကျောင်းတက်ချိန်တွင် လိုအပ်သည့် စာရေးကိရိယာနှင့်အတူ ကျောင်းဝတ်စုံလေးကို ဝယ်ယူရန် စုဆောင်းထားခဲ့သည်။
ကလေးမလေးသည် မိခင်ဖြစ်သူမှာ စားဖို့သောက်ဖို့ရှာရတာကတစ်ဖက် နေထိုင်ရာအိမ်ကလည်း အရမ်းစုတ်နေပြီဖြစ်၍ မိုးရာသီတွင် အိပ်စရာနေရာမရှိဖြစ်ရကာ တစ်ယောက်တည်း ရုန်းကန်နေရသည့် မိခင်ဖြစ်သူကို မပူဆာလိုတော့ပဲ စာနာသနားမိ၍ ကိုယ်တိုင်ပဲဝင်ငွေရှာခဲ့ကြောင်း ဆိုခဲ့သည်။
Crd-Original Post
(ZAWGYI)
Crd-Original Post